စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး စစ်ကောင်စီက အရှိန် အဟုန်မြင့်နေပြီး သင်တန်းဆင်း တပ်သား သစ် များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေ

by

in

စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး စစ်ကောင်စီက အရှိန် အဟုန်မြင့်နေပြီး သင်တန်းဆင်း တပ်သား သစ် များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေ
ရန်ကုန်၊ အောက်တိုဘာ ၂၂
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး သင်တန်းဆင်း တပ်သားသစ်များအားလုံးကိုလည်း ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် မေလမှစတင်၍ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန်က အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက လစဉ် စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် လူ ၅၀၀၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လစဉ် စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် စစ်အင်အားတစ်သောင်း ကျော် ရရှိရေး လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်း တပ်သားသစ်များအားလုံးကိုလည်း ရှေ့တန်းနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“လစဉ် စစ်အင်အားအရေအတွက် တစ်သောင်းကျော်ရဖို့ လုပ်နေတယ်လို့ သိရတယ်။ သင်တန်း ဆင်းအကုန်လုံးကိုလည်း ရှေ့တန်းနဲ့ ထိုးစစ် စစ်ကြောင်းတွေဆီကိုပဲ ပို့နေတယ်။ စစ်အင်အား တစ်သောင်းကျော်ဆိုတာမှာ စစ်မှုထမ်းတွေရော ပြည်သူ့စစ် ပြည်သူ့လုံခြုံရေးတွေရော ၊ စစ်မှုထမ်းဟောင်းတွေရော စုစုပေါင်း အင်အားအရေအတွက်ဖြစ်ပါတယ်”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အဓိက စစ်အင်အားများ ဖြည့်တင်းနေသော နေရာများတွင် ရှမ်းမြောက် မိုင်းရယ်နှင့် တန့်ယန်း၊ ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းတောင်၊ ကရင်ပြည်နယ် မြ၀တီမြို့နယ်နှင့်ကော့ကရိတ်၊ဘားအံ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်နှင့်လောင်းလုံးမြို့၊ ပဲခူးတိုင်း တောင်ငူမြို့များသို့ သင်တန်းဆင်း စစ်အင်အားများကို တိုးမြှင့် ပို့ဆောင်နေကြောင်း၊ အခြားသော ပြည်နယ်/တိုင်းများသို့လည်း ခွဲတမ်းဖြင့် စစ်အင်အားများ ပို့ဆောင်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် ရယူရန် ရည်ရွယ်ထားသည့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်နေသော “ရန်နိုင်မင်း” စစ်ဆင်ရေးအရလည်း မြေပြင် ထိုးစစ်ဆင်တချို့ စတင်လျက်ရှိရာ လက်ရှိ စစ်ကောင်စီက တိုးမြှင့် ထုတ်လုပ်နေသော စစ်အင်အားများအားလုံးမှာ အဆိုပါ ရန်နိုင်မင်း စစ်ဆင်ရေးတွင် အဓိက အသုံးပြုနေခြင်း ဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုလ စတင်သ်ည့ စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းဖွင့်ပွဲ မြင်ကွင်း။