“ဒီနေ့စပြီ..မုန်တိုင်းမိုးတွေ ထပ်ကြမ်းတော့မယ်ရန်ကုန်အပါအဝငိပြည်နယ်နဲ့တိုင်း 12ခုသတိထားရပြီ”

by

in

“ဒီနေ့စပြီ..မုန်တိုင်းမိုးတွေ ထပ်ကြမ်းတော့မယ်ရန်ကုန်အပါအဝငိပြည်နယ်နဲ့တိုင်း 12ခုသတိထားရပြီ”

လေဖိအားနည်းရပ်ဝန်း 98B INVEST update
အောက်တိုဘာ ၂၁ ရက် နံနက် ၀၁:၀၀ နာရီ
====
🔸 အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။
🔸 ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။
🔸 အဲ့ဒီကမှ – အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခန့်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေအနီးကို ချဉ်းကပ်ရောက်ရှိမယ်လို့ တွေ့ရပါတယ်။
🔸 အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက စ ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေကိုကျော်ဖြတ်ဝင်ရောက်ကာ ကုန်းတွင်းမှာတဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမယ်လို့ နောက်ဆုံးရ NOAA ရဲ့ GFS ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။
🔸 လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)၊ ဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် အဆင့်ဆင့် အားကောင်းလာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာချိန်မှာ “ကာတာ”နိုင်ငံက ပေးထားတဲ့ အလှည့်ကျအမည် “DANA” ဆိုတာကို ရရှိပါမယ်။
🔸 GFS Model ကြိုတင်ခန့်မှန်းချက်အရဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်းမှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclonic Storm-SCS အဆင့်အထိရောက်နိုင်ကြောင်းတွေ့ရတဲ့အတွက် ဒီကြိုတင်ခန့်မှန်း မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ပြီး “မုန်တိုင်းများကြိုတင်ခန့်မှန်းခြင်းနဲ့ ဆန်းစစ်အတည်ပြုခြင်း ရလဒ်များ” ထွက်ပေါ်လာတဲ့အခါမှသာ မုန်တိုင်းအရွယ်အစား၊ မုန်တိုင်းရဲ့ပြင်းအားနဲ့ မြန်မာနိုင်ငံအပေါ် မုန်တိုင်းအရှိန်သက်ရောက်နိုင်မဲ့ အခြေအနေ-အနည်းအများကို ထပ်မံလေ့လာတင်ပြပေးသွားပါမယ်။