မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအားတိုက် ခိုက်သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း NUG နိုင်ငံခြားရေး ထုတ်ပြန်

by

in

မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအားတိုက်
ခိုက်သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း NUG နိုင်ငံခြားရေး ထုတ်ပြန်
အီယိုရီ/People’s Spring
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား တိုက်ခိုက်သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်
ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး
ဌာနက ယနေ့(အောက်တိုဘာ ၁၉ရက်) ဖော်
ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်
ရေး၊ကောင်းမွန်သောဆက်ဆံရေး၊ပြည်သူ အချင်း
ချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဉ်တစိုက်ဦးတည်သွားမည်ဟု ဖော်ပြသည်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံများ၏ ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်
ရွက်ချက်များကို ကန့်ကွက်ရှုံ့ချကြောင်း ဆက်
လက်ဖော်ပြသည်။
မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရသည့် ဖြစ်ရပ်‌ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း NUG က အထူးပင်စိုးရိမ်ကြောင်းနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်
ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဉ်
တစိုက်ဆန့်ကျင်သွားမည်ဟု အသိပေးသည်။
NUG နိုင်ငံခြားသည် ၂၀၂၁ ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ်သဘောထားကြေ
ညာချက်ကို ထုတ်ပြန်ထားသကဲ့သို့ ၂၀၂၄ ဇန်နဝါ
ရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားကာ အဆိုပါ ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဆိုသည်။
စစ်ကောင်စီကလည်း မန္တလေး တရုတ်ကောင်စစ်
ဝန်ရုံးပေါက်ကွဲမှုဖြစ်စဉ်ကို ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားပြီး အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေးစုံစမ်းနေကြောင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
တရုတ်ကောင်စစ်ဝန်ရုံးသည် မန္တ​လေးမြို့တွင်စစ်​ကောင်စီတပ်လုံခြုံ​ရေးအများအပြားချထား​သော​နေရာတွင်တည်ရှိသည်။
(တရုတ်ကောင်စစ်ဝန်ရုံး အနီးစစ်​ကောင်စီတပ်က အတားအဆီးများချထားစဥ် (ပုံ​ဟောင်းဖြစ်ပါသည်)။ ။ဓါတ်ပုံ-စစ်​ကောင်စီ)