⭐️ သတင်းကောင်းကို RCS လုပ်ကြပါ⭐️

by

in

⭐️ သတင်းကောင်းကို RCS လုပ်ကြပါ⭐️
တောင်ကိုရီးယားရောက် တော်လှန်ပြည်သူတို့အတွက် စစ်ကောင်စီသံရုံး ဆိုတာ မလိုအပ်တော့ပါ။
တောင်ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးအဖွဲ့ဝင် တော်လှန်ပြည်သူများကို သတင်းကောင်းပေးလိုက်ပါတယ်။
နိုင်ငံရေးခိုလှုံခွင့်ကမရ၊ passport က သက်တန်းမရှိ၊ အိုဗာစတေးဖြစ်ရတော့မယ့် အခြေအနေရောက်ပြီး စိတ်ဒုက္ခရောက်မနေကြပါနဲ့။ အခွန်တွေ လတိုင်းဆောင်ပြီး လူသ-တ်အားပေးလုပ်နေရလို့ စိတ်မညစ်ပါနဲ့။
တော်လှန်ရေးအဖွဲ့များ အနေနဲ့ NUG ရုံးက ပတ်စပို့သက်တမ်း တိုးပေးနေပါတယ်။ ဒါကို တောင်ကိုရီးယား လဝက က လက်ခံပါတယ်။
မိမိတို့ အဖွဲ့အတွင်း ပြန်လည် သတင်းဖြန့်ဝေကြပါ။ သတင်းကောင်းပါ။
ဒါကို မသိသေးတဲ့သူတွေ များနေပါတယ်။
စစ်ကောင်စီ သံရုံက ထုတ်ပြန်စာဟာ ပြည်သူတွေကို ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ တော်လှန်အဖွဲ့တွေအနေနဲ့ (လုံးဝ) စောင်ဂရုစိုက်စရာမလိုပါ။
တောင်ကိုရီးယား လဝကက လက်ခံထားတာမို့ စိတ်ပူစရာ မရှိပါ။
ရန်သူရဲ့ တိုက်ကွက်ကို ကိုယ့်ဘက်က စည်းလုံးညီညွတ်စွာ ပြန်တိုက်ကြဖို့ လိုပါတယ်။
၁) NUG မှာ များများ သက်တမ်းတိုးကြပါ။ ဒါဟာ နိုင်ငံရေး တိုက်ကွက်တခု ဖြစ်သွားပါပြီ။
၂) စကစ ကြေညာချက်ကို ဝေဖန် ကန့်ကွက် သရော်ကြပါ။ ဒါဟာ ဆိုရှယ်တိုက်ကွက် ဖြစ်ပါတယ်။
၃) စကစ ကြေညာချက်မှာ သူတို့ကိုယ်သူတို့ လူရာသွင်း ရေးထားပေမဲ့ NUG ကို တိုက်ရိုက် မရေးရဲတာ သိသာပါတယ်။ ဒါဟာ NUG ရဲ့ တရားဝင်မှုကို ထိလို့မရမှန်း သူတို့ သိလို့ ဖြစ်ပါတယ်။
၄) NUG က အတု လုပ်တာ မဟုတ်ပါ။ တရားဝင်အစိုးရရဲ့ ကိုယ်ပိုင် တုံးနဲ့ ကိုယ်ပိုင် လက်မှတ်ထိုးတာမို့လို့ ကိုရီးယားဘက်ကလည်း အတုလို့ သတ်မှတ်ခွင့် မရှိပါ။
၅) ပတ်စပို့များကို စကစက blacklist သွင်းသော်လည်း လေဆိပ်မှအပ အခြားနေရာများမှာ သုံးစွဲခွင့် မပျက်ပြယ်ပါ။
(ဆိုလိုသည်မှာ blacklist ဖြစ်သည်ဆိုပြီး လဝကက ဗီဇာ ရပ်လိုက်လျှင် ထိုသူကို ဖမ်းဆီးပြီး ပြည်နှင်ရပါလိမ့်မည်။ ထိုသို့လုပ်လျှင် ကိုရီးယားအစိုးရ အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံသားများကို စောင့်ရှောက်ရမည်ဆိုသည့် အချက်နှင့် ငြိနေပါလိမ့်မည်။ လဝကက လုပ်မည်မဟုတ်ပါ။)
စစ်ကောင်စီ သံရုံးက ထုတ်တဲ့ ခြိမ်းချောက်စာရဲ့ အမှားတွေကို အသေးစိတ်ဖတ်လိုရင်—
အပိုဒ် (၁)
https://www.facebook.com/share/p/bKRTk8iEmFMvBHAD/?
အပိုဒ် (၂)
https://www.facebook.com/share/p/xTWB66YCshEZwG7r/?
အပိုဒ် (၃)
https://www.facebook.com/share/p/5S5n7dYviWehTLwZ/?
အပိုဒ် (၄)
https://www.facebook.com/share/p/Er6KxAXvbgwHvfRk/?
အပိုဒ် (၅)
https://www.facebook.com/share/p/bbJsujUfP6NnAQ5A/?
October 18th, 2024.
#MaShweMoeKorea