သပိတ်ကျင်းတွင် စစ်တပ်စခန်း ၈ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေ

by

in

သပိတ်ကျင်းတွင် စစ်တပ်စခန်း ၈ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေ
ရန်ကုန်၊ ဩဂုတ် ၁၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်စခန်း ၈ ခုကို ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ သပိတ်ကျင်းမြိုနယ်ရှိ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတိုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ၊ ဩဂုတ်လ ၉ ရက်နေ့တွင် သပိတ်ကျင်းမြိုနယ်အတွင်း၌ ကွင်း ၃၀ ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတိုကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ သပိတ်ကျင်းမြိုနယ်အတွင်း၌ တပ်စခန်း စုစုပေါင်း(၈)ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သပိတ်ကျင်းတွင် စစ်တပ် ကင်းစင်နယ်မြေဖြစ်ရန်အတွက် စစ်ကောင်စီ၏ လက်ရုံးတပ် ၁ ခုနှင့် စစ်သင်တန်းကျောင်း ၂ ခုသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။