မြောက်ဥက္ကလာမြို့နယ်တွင် စစ်တပ်၏ သန်းခေါင်းစာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်သည့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်

by

in

မြောက်ဥက္ကလာမြို့နယ်တွင် စစ်တပ်၏ သန်းခေါင်းစာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်သည့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ သန်းခေါင်းစာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်သည့် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး တပြိုင်တည်း ပစ်သွင်း တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်မှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဗုံးပစ် တိုက်ခိုက်ခဲ့သည့် မြို့ပြ ပြောက်ကျားရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် အကြမ်းဖက် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် မတရားရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း၊ မုဒိမ်းမှုကျူး လွန်သူ တရားခံတစ်ဦးထံမှ လာဘ်လာဘငွေကြေးရယူကာ ပြန်လွှတ်ပေးခြင်း၊ ပြည်သူလူထုအပေါ် မတရားဖိနှိပ်နေခြင်းတို့ကို ရပ်ကွက်နေပြည်သူများက တိုင်ကြားသဖြင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ် ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“ဗုံးသီး ၃ လုံးစလုံး ပြိုင်တူ ပစ်သွင်းခဲ့တာ၊ ၂ လုံးက အားပြင်းတယ်။ တစ်လုံးကတော့ အားပျော့ တယ်။ စခတွေတော့ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လှည့်ပတ်စစ်ဆေးနေတယ်။ အကြမ်းဖက်စစ် ကောင်စီ ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်တပ် ကင်းစခန်း၊ ရဲစခန်း၊ ထောက်တိုင်တွေနဲ့ဝေးဝေးနေပေးကြဖို့မေတ္တာရပ်ခံ ချင်ပါတယ်။ ပြီးတော့ ရန်ကုန်မြို့ပြ UG တပ်ဖွဲ့ဝင်တွေကို ပစ်မထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ရန်ကုန်မြို့ပြ UG တွေက အဖမ်းခံရရင်သေမှာသိသိကြီးနဲ့ လုပ်နေကြရတာပါ” ဟု မြောက်ဥက္ကလာ ပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။