ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက်သေ (ရုပ်/သံ)

by

in

ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက်သေ (ရုပ်/သံ)
အောက်တိုဘာ ၁၃၊ ၂၀၂၄

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။
MA-3 သေနတ် ၃ လက်၊ 7.62 ကျည် ၁၂၀ တောင့်၊ 5.56 ကျည် ၆၀၀ တောင့်၊ ကျည်ဘောက် ၅ ခု၊ ဓား ၁ လက်၊ စကားပြောစက် ၁ လုံး၊ 79 သီး ၆ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၂၊ ကျည်ကာပြား ၁ ခု၊ အီကွေမန် ၁ ခု၊ ဒရုန်း ၁ စင်း၊ 12 V ဘက်ထရီငယ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့နဲ့ ကျားသစ်နက်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။