စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ဟု အမေရိကန်သံအမတ်​ကြီး ပြောဆို

by

in

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ဟု အမေရိကန်သံအမတ်​ကြီး ပြောဆို

ရန်ကုန်၊ အောက်တိုဘ ၁၁

အကြမ်းဖက်စစ်ကောင်စီက လာမည့်နှစ်အတွက် ပြုလုပ်မည်ဟု ပြောဆိုနေသော ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများအတွက် တရားမျှတမှု ဆိုင်ရာ အကြီးတန်းသံအမတ် Beth Van Schaack က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျင်းပမည်ဟု ပြောဆိုသော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲသည် စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲတစ်ခုသာဖြစ်ကြောင်း ပြောဆိုသည်။

“ရွေးကောက်ပွဲက စစ်တပ်ကို အာဏာပြန်ပေးမယ့် ရွေးကောက်ပွဲတစ်ခုသာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဒေသတိုင်းလိုလိုမှာ ပဋိပက္ခတွေရှိနေချိန်မှာ ရွေးကောက်ပွဲကို တရားမျှတမှုရှိအောင် ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာတောင် တွေးကြည့်ဖို့တောင် ခက်ပါတယ်” ဟု အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများအတွက် တရားမျှတမှု ဆိုင်ရာ အကြီးတန်းသံအမတ် Beth Van Schaack က ပြောဆိုသည်။

စစ်တပ်က လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟုဆိုကာ လက်ရှိတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။