ပင်လည်ဘူးမြို့ကို လက်လွှတ်လိုက်ရတဲ့ စစ်အုပ်စုက အခဲမကြေဘဲ တနေကုန် လေကြောင်းဗုံးကြဲနေ

by

in

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်အုပ်စု ၃၀၀ ဝန်းကျင် လက်နက်ချအညံ့ခံ၊
မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိပြီး စစ်အုပ်စု မိသားစုဝင်တွေကို ဝန်းသိုကို သွားခွင့်ပြု၊
သက်တန့်/ MFP ၊ အောက်တိုဘာ – ၈

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ မြို့မကျရေး ခုခံနေတဲ့ စစ်အုပ်စု ၃၀၀ ဝန်းကျင်ဟာ လက်နက်ချ အညံ့ခံတာကြောင့် အောက်တိုဘာလ ၈ ရက် ဒီမနက် ၈ နာရီလောက်မှာ ပင်လည်ဘူးမြို့ကို အပြီးသတ် သိမ်းပိုက်ရှိလိုက်ပြီလို့ ပင်လည်ဘူးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီမနက် မနက်အစောပိုင်း ၄ နာရီလောက်မှာ စစ်အုပ်စုက တော်လှန်ရေးအဖွဲ့တွေထံ လက်နက်ချအညံ့ခံပြီးနောက် စစ်အုပ်စုရဲ့ မိသားစုဝင်တွေကိုတော့ ပင်လည်ဘူးမြို့နဲ့ မိုင် ၄၀ ကျော်အကွာက ဝန်းသိုမြို့ကို ကားနဲ့ပို့ဆောင်ပေး လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပင်လည်ဘူးမြို့တွင်းတိုက်ပွဲမှာ စစ်အုပ်စုအနေနဲ့ အခုလို လက်နက်ချအညံ့တာဟာ မြို့တွင်းမှာရှိတဲ့ စစ်အုပ်စုကို လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးစတာတွေကို ပိတ်ဆို့ဖြတ်တောက်နိုင်တာကြောင့် ဖြစ်သလို စစ်ကူလာတဲ့ စစ်အုပ်စုအဖွဲ့တွေကိုလည်း မြို့တွင်းကို ဝင်ရောက်လို့မရအောင် ဖြတ်တောက်တိုက်ခိုက်နိုင် တာကြောင့်ဖြစ် တယ် လို့ ဆိုပါတယ်။
“ဖြတ်တောက်ပိတ်ဆို့ခံထားရလို့ အရာရာပြတ်နေပြီထင်တယ်။ အစား၊ ဆေးဝါး၊ ခဲယမ်း အားလုံးပြတ်နေလို့ ထွက်ပေါက်တောင်းတယ်လို့ထင်ပါတယ်” ပင်လည်ဘူးမြို့သိမ်းနိုင်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ရေးသတင်း ရင်း မြစ်က ဆိုပါတယ်။
ပင်လည်ဘူးမြို့မှာ စစ်အုပ်စုက လေကြောင်းကနေပို့ဆောင်ထားတဲ့ စစ်ကူအင်အားတွေအပါအဝင် မြို့တွင်း နောက် ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ရဲစခန်းရိပ်သာအထိုင်စခန်းတွေမှာ စစ်အုပ်စုအင်အား ၅၀၀ ခန့်ကျန်ရှိနေပြီး အဲဒီစစ် အုပ်စု တပ်ဖွဲ့တွေက လက်နက်ချ အညံ့ခံပြီး ထွက်ခွာခွင့်တောင်းလို့ တော်လှန်ရေးအဖွဲ့တွေက ထွက်ခွာခွင့် ပေး လိုက်ကာ မြို့ကို သိမ်းပိုက်ရ ရှိ လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
“ဩဂုတ် ၁၅ ရက်ကနေ ဒီကနေ့အထိ ကာလမှာ တစ်လကျော်လောက် ပိတ်ဆို့ဖြတ်တောက်ထားနိုင်တယ်လို့ သိရပါတယ်။ အဓိက ကတော့ စကစ ( စစ်အုပ်စု) ပုဇင်း ၂၄ စင်းနဲ့ လာချတဲ့ စကစ ၊SNA နဲ့ ပျူတွေအားလုံးကို အ ဓိက ခံစစ်အမာပြုလုပ်ထားတဲ့ ရဲစခန်း ဆီကိုမရောက်အောင် စနစ်တကျ ဖြတ်တောက်ထားနိုင်လို့ (မြို့ကိုသိမ်း ပိုက်နိုင်တာ) လို့ထင်မြင်မိပါတယ်”ပင်လည်ဘူးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကူလာတဲ့ စစ်အုပ်စုအဖွဲ့တွေလည်း မြို့တွင်းဝင်လို့မရအောင် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြတ်တောက် တိုက် ခိုက်ပြီး စစ်ကြောင်းလိုက်သေဆုံးတာတွေ၊ လက်နက်ခဲယမ်းသိမ်းပိုက်ရရှိခဲ့တာတွေ ရှိသလို ထွက်ပြေးသွား သူတွေလည်း ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပင်လည်ဘူးမြို့ကို သုံးကြိမ်တိုင် ရဟတ်ယာဉ် ၂၄ စီးနဲ့ စစ်ကူပို့ခဲ့တဲ့ စစ်အုပ်စုအင်အားတွေကို မြို့ထဲက ရဲစခန်း ရိပ်သာဆီ မရောက်အောင် ဖြတ်တောက်ထားနိုင်သလို ရဲစခန်းရိပ်သာက စစ်အုပ်စုတွေကိုလည်း ထွက်ခွင့်မရ အောင် ပိတ်ဆို့ပြီး ရိက္ခာကအစ ဖြတ်တောက်ထားနိုင်ခဲ့လို့ စစ်အုပ်စုတွေ အခက်တွေ့ပြီး အခုလို လက်နက်ချ အညံ့ခံကာ မြို့က စွန့်ခွာထွက် သွားဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
မြို့တွင်း စစ်အုပ်စု နောက်ဆုံး အထိုင်စခန်းဖြစ်တဲ့ ရဲစခန်းရိပ်သာကို လေယာဉ်နဲ့ ရိက္ခာချထားပေးတာမျိုးရှိခဲ့ပေမဲ့ ပင်လည်ဘူးမြို့တွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတာကြောင့် ထိထိရောက်ရောက် ရိက္ခာမချပေးနိုင် တာ ကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲစတင်စဉ်က စစ်အုပ်စုဟာ ကျောက်တိုင်ကုန်း၊ ဆေးရုံနဲ့ ရဲစခန်းရိပ်သာစတဲ့ နေရာသုံး ခုမှာ အထိုင်ချထားခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ကျောက်တိုင်ကုန်းနဲ့ ဆေးရုံအထိုင်စခန်း တွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာမို့ ရဲစခန်းရိပ်သာ စခန်းတစ်ခုသာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
ပင်လည်ဘူးမြို့တွင်း နောက်ဆုံးလက်ကျန် ရဲစခန်းရိပ်သာ စခန်းတစ်ခုပဲ ကျန်ရှိချိန်ကစလို့ စစ်အုပ်စုက ရဟတ် ယာဉ်နဲ့ အင်အားဖြည့်တာ၊ ပင်လယ်ဘူးမြို့မကျရေး လေကြောင်းကနေ အသည်းအသန် ဗုံးကြဲပစ်ကူတာတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ အလားတူ မြို့ကို ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တာ လည်း ဖြစ်ပါတယ်။
အဲဒီကြားထဲကမှ တော်လှန်ရေးတပ်တွေက စစ်အုပ်စုနောက်ဆုံးလက်ကျန် ရဲစခန်းရိပ်သာကို ပိတ်ဆို့ဖြတ် တောက် ပြီး စစ်အုပ်စု ခုခံတန်ပြန်လို့မရအောင် ဆောင်ရွက်နိုင်ခဲ့တာမို့ ဒီကနေ့မှာ ပင်လည်ဘူးမြို့ကို အပြီးသပ်သိမ်းပိုက် နိုင်လိုက်တာ လို့ဆိုပါတယ်။
ပင်လည်ဘူးမြို့ဘက် စစ်ကူလာတဲ့ စစ်အုပ်စု ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်ချလို့ သိမ်းဆည်းရရှိတဲ့ လက်နက်တွေ/Photo – CJ

ပင်လည်ဘူးမြို့ကို လက်လွှတ်လိုက်ရတဲ့ စစ်အုပ်စုက အခဲမကြေဘဲ တနေကုန် လေကြောင်းဗုံးကြဲနေ
သက်တန့်/ MFP ၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့က နောက်ဆုံးလက်ကျန် စစ်အုပ်စုတပ်ဖွဲ့တွေ လက်နက်ချ အညံ့ခံ လို့ မြို့ကိုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်အုပ်စုဟာ အခဲမကြေဖြစ်ပြီး မြို့ကို လေကြောင်းကနေ တစ်နေကုန် ဗုံးကြဲ ပစ်ခတ်နေတယ်လို့ ပင်လည်ဘူးမြို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဖိုက်တာတွေ နဲ့ လာပစ်နေတာပဲရှိပါတယ်။ ခုကို သုံးစီးနဲ့လာပစ်သွားပြန်ပါပြီ။ အသည်းကွဲနေပြီနေမှာ စကစ( စစ် အုပ်စု) က” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်တွေက အခု ညနေပိုင်း ၄ နာရီခန့်မှာ MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၈ ရက် ဒီမနက် မနက် အစောပိုင်း ၄ နာရီလောက်မှာ ပင်လည်ဘူးမြို့မကျရေး တန်ပြန်ခုခံနေခဲ့ တဲ့စစ်အုပ်စု အင်အား ၃၀၀ ခန့်ဟာ တော်လှန်ရေးအဖွဲ့တွေဆီမှာလက်နက်ချ အညံ့ခံခဲ့တာမို့ တော်လှန်ရေး အင် အားစုတွေဟာ မြို့ကို အပြီးသတ် သိမ်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို သိမ်းယူပြီးနောက် နာရီပိုင်းအတွင်းမှာပဲ စစ်အုပ်စုက ပင်လည်ဘူးမြို့ကို လေကြောင်းကနေ ဆက်တိုက်ဗုံး ကြဲပစ်ခတ်နေခဲ့တာပြီး အခု ညနေပိုင်းမှာလည်း ဂျက်ဖိုက်တာသုံးစီးနဲ့ ထပ်မံလာရောက် ဗုံးကြဲပစ်ခတ်သွားတာ လို့ ဆိုပါတယ်။
‘ မနက်ကလည်း ဖိုက်တာနှစ်စီးနဲ့ ပစ်သွားသေးတယ်’ လို့ ပင်လည်ဘူး စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ပင်လည်ဘူးမြို့ကို သိမ်းယူနိုင်ဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက် စတင်ထိုးစစ်ဆင်ချိန် ကတည်းက စစ်အုပ်စုဟာ မြို့မကျရေး လေကြောင်းကနေ အသည်းအသန် ခုခံပစ်ခတ်တိုက်ခိုက်နေခဲ့သလို မြေပြင် ကနေလည်း စစ်ကူအင်အားနဲ့ ရိက္ခာဖြည့်တင်းတာတွေ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေ က ဆိုပါတယ်။
တော်လှန်ရေးတပ်တွေက စစ်အုပ်စု လေကြောင်းကနေပို့ဆောင်တဲ့ စစ်ကူအင်အားတွေအပါအဝင် မြို့တွင်း နောက် ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ရဲစခန်းရိပ်သာအထိုင်စခန်းက စစ်အုပ်စုအင်အားတွေကို ဖြတ်လေးဖြတ်လုပ်ဆောင်နိုင် ခဲ့ တာမို့ ဒီကနေ့ မနက်ပိုင်းမှာ စစ်အုပ်စုတပ်တွေ လက်နက်ချ အညံ့ခံခဲ့ပြီး မြို့ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို သိမ်းယူပြီးနောက် စစ်အုပ်စုရဲ့ မိသားစုဝင်တွေကို ပင်လည်ဘူးမြို့နဲ့ မိုင် ၄၀ ကျော် အကွာက ဝန်းသိုမြို့ကို ကားနဲ့ ပို့ဆောင်ပေး လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေးတပ်တွေ ပင်လည်ဘူးမြို့ကို သိမ်းယူနိုင်ခဲ့တာဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းက ‘က’ ကြီး သုံးလုံး ခရိုင်ဖြစ်တဲ့ ကသာခရိုင်၊ကောလင်းခရိုင်နဲ့ ကန့်ဘလူခရိုင်တွေထဲ တတိယမြောက် သိမ်းယူနိုင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ပင်လည်ဘူးမြို့နဲ့ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်အုပ်စုအဖွဲ့ဝင်တချို့ကို တွေ့ရ စဉ်/ ဓာတ်ပုံ-လူမှုကွန်ယက်
MFP က တင်ဆက်နေတဲ့ ရုပ်သံ၊ ဓာတ်ပုံ‌၊ သတင်းတွေကို အောက်ပါချန်နယ်တွေမှာလည်း ဝင်ရောက်‌ဖတ်ရှု့နိုင်ပါ တယ်။