ဖျက်မိုးသတိပြုရန် MOHADM သတိပေး

by

in

ဖျက်မိုးသတိပြုရန် MOHADM သတိပေး
ရွှေပြည်စိုး/People’s Spring
အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံမှဆုတ်ခွာနေပြီး တောင်သူလယ်သမားများအနေဖြင့် ဖျက်မ်ိုးအန္တရာယ်သတိပြုကြရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဆုတ်ခွာနေသည်ဟု အောက်တိုဘာ ၇ရက်တွင် အသိပေးထားသည်။
မုတ်သုန်လေဆုတ်ခွာပါက လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် မိုးတိမ်တောင်ဖြစ်စဉ်များဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အခက်အခဲကြုံရကြောင်း ဧရာဝတီတိုင်းမှ လယ်သမားတစ်ဦးက ပြောသည်။
ယခုနှစ်တွင် တောင်တရုတ်ပင်လယ်ဘက်၌ မုန်တိုင်းများ တိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်သော လေပွေလှိုင်းများသည် အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှုများပြားနိုင်သည်ကို သတိပြုရန်နှင့် မိုး စပါးရိတ်သိမ်းချိန်တွင်လည်း ဖျက်မိုးအဖြစ် ကြုံတွေ့နိုင်ကြောင်း MOHADMက သတိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာဒုတိယပတ်က တောင်တရုတ်ပင်လယ်ဘက်မှ ဝင်ရောက်လာသော Yagi မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်ရေ ဘေးကြုံခဲ့ပြီး ရေပေးသင့်ပြည်သူများအခက်အခဲမျိုးစုံကြုံတွေ့နေကြရဆဲဖြစ်သည်။
စစ်ကောင်စီသည် ရေဘေးဒေသများပြန်လည်ထူထောင်ရေးအတွက် အာရုံစိုက်ခြင်းမရှိဘဲ လိုအပ်သောအကူအညီများပေးအပ်ခြင်းမရှိဟု ဘေးသင့်ပြည်သူများက ပြောသည်။
Yagiမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ပြည်သူသိန်းချီ ရေဘေးကြုံတွေ့နေပြီး သေဆုံးနှင့် ပျောက်ဆုံး လူဦးရေ ၁,၀၀၀ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က စက်တင်ဘာလ ၂၅ရက်တွင် သတင်းထုတ်ပြန်သည်။
MOHADM၏ အောက်တိုဘာ ၇ရက်မှ အောက်တိုဘာ ၁၃ရက်အတွင်း မိုးလေဝသခန့်မှန်းချက်တွင် မြန်မာနိုင်ငံ၌ မိုးကြီးမည့်ဒေသများ ရှိမနေတော့ပေ။ လက်ရှိသည် မိုးလွန်ကာလဖြစ်ပြီး အနောက်တောင်မုတ်သုန်လေအပြီးသတ်ဆုတ်ခွာသွားပါက ဆောင်းရာသီစတင်မည်ဖြစ်သည်။
ယခုနှစ်တွင် တောင်တရုတ်ပင်လယ်ပြင်နှင့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှ တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သောလေပွေလှိုင်းများ အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှုများပြားနိုင်သည်ကို သတိပြုအလေးထားရန်နှင့် မိုးစပါး ရိတ်သိမ်းချိန်တွင်လည်း အဖျက်မိုးအဖြစ် ကြုံတွေ့ နိုင်ကြောင်းလည်း MOHADM က သတိပေးထားသည်။
(ပြီးခဲ့သည့် စက်တင်ဘာအတွင်း မိုးဗြဲမို့နယ်၌ ရေကြီးရေလျှံမှုကြောင့် စပါးခင်းများရေမြုပ်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – The Voice of Karenni)