ဖာပွန်ရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၃၀ ဦး သေဆုံး၊ လက်နက် ၃၄ လက် သိမ်းဆည်းရရှိ

by

in

ဖာပွန်ရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၃၀ ဦး သေဆုံး၊ လက်နက် ၃၄ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်၊ ဖာဂေါ်လိုးစခန်းမှ ခေးခို(ဘော်စဲခို)ဘက်ကို တပ်ပြန်ဆုတ်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အမှတ် ၅ တပ်မဟာ လက်အောက်ရှိ ကရင်အမျိုးသား ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက လယ်ဝါးထာနှင့် စောမူပလော ဒေသအရောက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ ၆၀ မမ လက်နက်ကြီး ၅ လက်၊ RPG ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၁၆ လက်၊ MA-2 သေနတ် ၃ လက်၊ MA-3 သေနတ် ၅ လက်၊ MA-4 သေနတ် ၁ လက်၊ A-5 သေနတ် ၁ လက်၊ 9မမ ပစ္စတို သေနတ် ၁ လက်၊ စက်လတ် သေနတ် ၂ လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၄ လုံး၊ စကားပြောစက်အသေး ၁ လုံးနှင့် မိုင်းရှင်းစက် ၁ လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။