လားရှိုး၊ ကောလင်းနှင့် ဂန့်ဂေါတွင် စစ်ရေးသတင်းပေါက်ကြားရန် မရှိစေရေးအတွက် အခကြေးငွေပေး အသုံးပြုနေရသော Star Link Wifi လိုင်းများ ယာယီ ပိတ်ပင်

by

in

လားရှိုး၊ ကောလင်းနှင့် ဂန့်ဂေါတွင် စစ်ရေးသတင်းပေါက်ကြားရန် မရှိစေရေးအတွက် အခကြေးငွေပေး အသုံးပြုနေရသော Star Link Wifi လိုင်းများ ယာယီ ပိတ်ပင်
ရန်ကုန်၊ အောက်တိုဘာ ၄
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း၌ စစ်ရေးသတင်းများ ပေါက်ကြားမှုမရှိစေရန်ဟု ဆိုကာ အခကြေး ငွေယူ၍ အသုံးပြုနေသော Star Link Wifi လိုင်းများ တစ်လပိတ်ပင်ကြောင်း ဂန့်ဂေါခရိုင်အုပ်ချုပ် ရေးအဖွဲ့က စာထုတ်ထားသည်။
စက်တင်ဘာလ ၃၀ ရက်နေ့က NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံး၏ ထုတ်ပြန် ချက်ကို ကိုးကား၍ ဂန့်ဂေါခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်ထုတ်ပြန်ညွှန်ကြားထားခြင်း ဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူလူထုထံမှ အခကြေးငွေကောက်ခံပြီး Star Link Wifi အသုံးပြုခြင်းများကို တစ်လတိတိ ပိတ်သိမ်းနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ခြင်းမှာ မလိုအပ်သော စစ်ရေးသတင်းပေါက်ကြားမှုများရှိနေခြင်းကြောင့် ပြည်သူ လူထုထံသို့ အခကြေးငွေကောက်ခံပြီး Star Link Wifi အသုံးပြုခွင့်ပေးခြင်းများအား တစ်လ ပိတ်သိမ်းခြင်းဖြစ်ကြောင်းနှင့် ခရိုင်၏စစ်ရေးလိုအပ်ချက်အရသာ အသုံးပြုရန် ညွှန်ကြားခြင်းဖြစ် ကြောင်း သိရသည်။
“ယောနယ်ကလူတွေကတော့ ပွဲဆူနေပြီ။ ဆန္ဒပြဖို့အထိတွေးနေကြပြီ။ ကောလင်းကနေ စတဲ့ ဂယက် လို့တော့ သိရတယ်။ အမိန့်ကြီးနဲ့လာတာဆိုတော့ တပ်ရင်းတွေကတော့ သိပ်မလှုပ်ဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ လားရှိုးတွင်လည်း စစ်ကောင်စီက စစ်တပ်သတင်းပေးများ၏ သတင်းပေးပို့မှုအပေါ် မူတည်၍ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး စစ်ရေးသတင်းများ ပေါက်ကြားမှု မရှိစေရန်အတွက် လားရှိုးမြို့အတွင်း အခပေး Star Link Wifi များ အသုံးပြုခွင့်ကို ယာယီပိတ်ပင်ထားမည်ဟု ယနေ့ နံနက်ပိုင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောဆို ညွှန်ကြားလာကြောင်း လားရှိုးမြို့မှ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ထို့အတူ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင်လည်း အခပေး Star Link Wifi များ ယာယီရပ်နားထားရန် ပြည်သူ့ကာကွယ်ရေးတပ်များက စက်တင်ဘာလနှောင်းပိုင်းမှစတင်၍ အမိန့်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- လားရှိုးမြို့ပေါ်မှ အွန်လိုင်းစီးပွားရေးလုပ်ငန်းတချို့။