ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

by

in

ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်
အောက်တိုဘာ ၄၊ ၂၀၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂ ရေးပြောက်ကျားတပ်(YGF) က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီယန္တရားကို လည်ပတ်အောင်လုပ်ဆောင်နေသူ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူနေသူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တာကြောင့် ဝင်ရောက်ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ သတိပေးလိုက်တာပါ။
သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ပါဝင်ပတ်သက်သူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ YGF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရထံမှ မတရားအာဏာသိမ်းခြင်း၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော ပြည်သူများအပေါ်လက်နက်အားကိုးကာ အကြမ်းဖက်နည်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများကိုဖျက်ဆီးခြင်းတို့ပြုလုပ်နေတဲ့ စစ်ကောင်စီကို လုံး၀မထောက်ခံဖို့လည်း အသိပေးတိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သန်းခေါင်စာရင်းကောက်ယူမှုတွေ ရှိနေပြီး တော်လှန်ရေးအင်အားစုများဘက်ကလည်း အဆိုပါကိစ္စရပ်တွေမှာ လုံး၀ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။