စစ်သား ၃၃ ဦးသေဆုံးပြီး ၄၃ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သော ဘုတလင်တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သား ၁ ဦးကို ထပ်မံ ဖမ်းဆီးရရှိ

by

in

စစ်သား ၃၃ ဦးသေဆုံးပြီး ၄၃ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သော ဘုတလင်တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သား ၁ ဦးကို ထပ်မံ ဖမ်းဆီးရရှိ
ရန်ကုန်၊ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးပြီး ၄၃ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သော ဘုတလင်တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သား ၁ ဦးကို အရှင်လက်ရ ထပ်မံ ဖမ်းဆီးရရှိကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်သော ခမရ ၁၀၆၊ ခမရ ၃၀၉၊ ခမရ ၁၆၊ ခလရ ၂၂၉ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ရာ စစ် တပ်ဘက်မှ ၃၃ ဦး သေဆုံးပြီး ဗိုလ်ကြီး ၂ ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၅၆ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ယင်းထွက်ပြေးလွတ်မြောက်သွားသော စစ်သားများအနက်မှ ၁ ဦးကို ယမန်နေ့တွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
“အောက်တိုဘာ-၂)က ဖမ်းမိတာဗျ၊ဒီကောင်က ဆေးကြောင်နေတာ၊လူစိမ်းမို့ ဖမ်း ပြီး စစ်ကြည့်တော့ ဘုတလင်ပွဲက လွတ်လာ တဲ့ကောင်ဆိုတာသိရတာ”ဟု ဒေသခံရပ်၊ကျေး ပကဖ တစ်ဦးက ပြောဆိုသည်။
ဘုတလင်နယ်တိုက်ပွဲမှ လွတ်မြောက်ခဲ့ပြီး ယခုဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့၀င်မှာ စိတ် ပုံမှန်မဟုတ်ဘဲ အရူးတစ်ယောက်လိုဖြစ်နေကြောင်း သိရှိရသည်။
” အရူးလုပ်နေတာလား၊ တကယ်ရူးသွားတာလားမသိဘူး။ဘောင်းဘီတိုနဲ့ လျှောက်သွားနေတာ။အင်္ကျီတောင်မပါဘူး။ဒီကောင်၂ ရက်လုံးလုံး ဘယ်မှာနေလဲမသိဘူး။သေနတ်တို့ ဘာတို့ လည်း မပါဘူး”ဟု ဒေသခံသတင်းရင်းမြစ်ကပြောဆိုသည်။
လတ်တလော စစ်ကြောင်းတစ်ခုလုံး ရှုံးနိမ့်သွားသဖြင့် စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။