မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး အမေရိကန်သံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်
ရန်ကုန်၊ အောက်တိုဘာ ၃
မြန်မာနိုင်ငံတွင် ကျူးလွန်ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများအတွက် တရားမျှတမှု ဆိုင်ရာ အကြီးတန်းသံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ အမေရိကန်အကြီးတန်း သံအမတ်ကြီး Beth Van Schaack သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုင်းအစိုးရ အဖွဲ့ဝင်များ?အရပ်ဘက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရေးကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်သံအမတ်ကြီး Van Schaack အနေဖြင့် မြန်မာနိုင်ငံတဝန်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေးနှင့် ရက်စက်ကြမ်းကြုတ်မှုကို ခံစားခဲ့ရပြီး အသက်ရှင်ကျန်ရစ်များသူများအတွက် တရားမျှတမှုရရှိစေရေး အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန်အနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ၎င်းတို့၏ဆန္ဒအရ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး အတွက် အထောက် အကူဖြစ်စေမည့် အခြေအနေများကို ဖန်တီးပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှုဖော်ဆောင်ရန် အမေရိကန်အထူးသံအမတ် ထိုင်းသို့ လာရောက်မည်
အီယိုရီ/People’s Spring
အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး ကိစ္စရပ်များဆွေးနွေးရန် အမေရိကန်အစိုးရ၏ အထူးသံအမတ်ကြီးတစ်ဦး ထိုင်းနိုင်ငံသို့ လေးရက်ကြာလာရောက်မည်ဟု သိရသည်။
ကမ္ဘာတဝန်းရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု အ
ထူးသံအမတ်ကြီး ဒေါက်တာဘာ့သ်ဗန်ရှအက်သည် အောက်တိုဘာ ၄ရက်မှ ၇ရက်အထိ ထိုင်းနိုင်ငံသို့သွားရောက်မည်ဟုအမေရိကန်နိုင်ငံခြား
ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ရက်တွင် ထုတ်ပြန်သည်။
အထက်ပါ အမေရိကန် အထူးသံအမတ်ကြီးသည် ထိုင်းနိုင်ငံခရီးစဥ်အတွင်း ထိုင်းအစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်း၊ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်
မာနိုင်ငံ အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်း
ကြုတ်မှုများကို ခံစားခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေးအတွက် ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြသည်။
မြန်မာနိုင်ငံတဝန်းကျူးလွန်ခဲ့သောရက်စက်ကြမ်း
ကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး လုပ်
ဆောင်ရန် အမေရိကန်ပြည်ထောင်စု၏ ကတိ
ကဝတ်ကို အထူးသံအမတ်ကြီးက ထပ်လောင်း
အတည်ပြုခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများ၊ ခံစားခဲ့ရသူများနှင့်အတူ ရပ်တည်ကာ တရားမျှတမှုအတွက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထို့အပြင် အမေရိကန်သည် ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာ ဂုဏ်
သိက္ခာရှိရှိ အိမ်ပြန်နိုင်ရေးအတွက် အခြေအနေများဖြစ်ပေါ်စေရေး ဖန်တီးပေးရန် ထပ်လောင်းတောင်းဆိုသည်။
ပြည်တွင်းစစ်နဲ့ပတ်သက်လို့ တော်လှန်ရေးအင်
အားစုတွေအပါအဝင် သံတမန်တွေ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေး
အီယိုရီ/People’s Spring
အာဆီယံခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံ
မတိုင်ခင်မှာ မြန်မာ့ပြည်တွင်းစစ်နဲ့ပတ်သက်လို့ သံတမန်တွေ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ အင်ဒိုနီးရှားရှိ အကြီးတန်းသံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
ဒီနေ့(အောက်တိုဘာ ၄ရက်)နဲ့ မနက်ဖြန်ပြုလုပ်မယ့် အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့မှ ကိုယ်စား
လှယ်တွေ အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးအုပ်စုတွေရဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်မယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တစ်ဦးက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က တက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။
အာဆီယံထိပ်သီးညီလာခံကိုအောက်တိုဘာ ၆ရက်
မှ ၁၁ ရက်အထိ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပမှာဖြစ်ပြီးထိပ်သီးညီ
လာခံကို စစ်ကောင်စီက ၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်ကို စေလွှတ်မယ်လို့ Nikkei Asia က မနေ့က ဖော်ပြပါတယ်။ စစ်အာဏာသိမ်း ၄နှစ်အတွင်း စစ်ကောင်စီက ၎င်းရဲ့ကိုယ်စားလှယ်ကို ထိပ်သီးညီလာခံတက်ရောက်ဖို့ ပထမဆုံး စေလွှတ်တာလည်း ဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ တူညီဆန္ဒ ၅ရပ်ကို အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော်တာမရှိတာကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကို ထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့အာဆီယံအစည်းအဝေးတွေမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ထိရောက်တဲ့အရေးယူမှု လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ မြေပြင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရှုံးနိမ့်နေချိန်မှာ နောက်ဆုံးသံတမန်ရေးဆိုင်ရာတွန်းအားတွေ ထွက်ပေါ်လာခဲ့တာပါ။
ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းမှု ၃နှစ်ကျော်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာဒုက္ခသည် ၃သန်းကျော်ရှိလာပြီဖြစ်ပါတယ်။
ကိုးကား – channelnewsasia
ဓာတ်ပုံ – ASEAN