ပုလောမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

by

in

ပုလောမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)
စက်တင်ဘာ ၃၀၊ ၂၀၂၄

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက ခလရ ၁၇ တပ်ရင်း၊ ပလရဲစခန်းနဲ့ တာဝါတိုင်စခန်းတွေကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖထံက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်ကနေ စက်တင်ဘာ ၂၉ ရက်အထိ ဒရုန်းနဲ့ ပုလောမြို့နယ်အတွင်းက ခလရ ၁၇ တပ်ရင်းကို ၂ ကြိမ်၊ ပလရဲစခန်းကို ၆ ကြိမ်၊ တာဝါတိုင်စခန်းကုန်းကို ၇ ကြိမ်၊ ခလရ ၂၈၅ တပ်ရင်းအနီးက အော်သာယာဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ၁ ကြိမ် ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်စခန်းက အဆောက်အအုံနဲ့ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၅ ရက်နဲ့ ၁၈ ရက်ကလည်း ရှပ်ပုံကျေးရွာနဲ့ ငါးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ Shadow Squad Drone အဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၁၅ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။