ဘုတလင်မြို့နယ်တွင် အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိ

by

in

ဘုတလင်မြို့နယ်တွင် အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိ
ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး ၄၀ ဦးခန့်အရှင်ဖမ်းမိခဲ့ကြောင်း 96 Solider PDF (အညာဒေသ) မှ ဒုတိယစစ်ရေးတာဝန်ခံ ကိုဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတောရဲစခန်းသို့ စစ် ကူလာရောက်ပြီး ဘုတလင်မြို့သို့ ပြန်လည် ဆုတ်ခွာလာသော အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကနေရာအသီးသီးခွဲယူကာ ပိတ်ဆို့ဖြတ် တောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့်အရှင်ဖမ်းမိကာ စစ်သားအချို့ထွက်ပြေး သွားကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ကူတောရဲစခန်းက နမခကို ကာထားတာ၊ အဲဒီစခန်းနယ်မြေခံရဲဘော်တွေက စခန်းသိမ်းတိုက်ခိုက် လိုက်တယ်၊ အဲဒီစခန်းသိမ်းတိုက်လိုက်တော့ ဘုတလင်ကနေ ကူတော်ကို အင်အား ၁၂၀ နဲ့ စစ်ကူ လာတာ၊ အဲလိုစစ်ကူလာပေးရင်းနဲ့ ရက်သတ္တပတ်ထက်မနည်း အထိုင်ချပြီးတော့ ဘေးနားက ရွာ တွေကို လှည့်ပတ်ပြီးတော့ ပြည်သူပိုင်ပစ္စည်းတွေခိုးတယ်။ ရိက္ခာယူတာပေါ့၊ ဒီနေ့တော့ သူတို့က ကူတော်ကနေ ဘုတလင်မြို့ထဲကို ပြန်ဝင်ဖို့လုပ်တာ၊ ကြားထဲမှာ တိုက်ပွဲဖြစ်တာပေါ့၊ ထွက်လာတဲ့ စစ်ကြောင်းက ပိတ်မိသွားတယ်လို့ ပြောလို့ရတယ်၊ အဲလိုပိတ်မိသွားတော့ အသေအပျောက်က ၅၀ ဝန်းကျင်လောက်ရှိမယ်၊ အရှင်ဖမ်းမိတာက ၄၀ ဝန်းကျင်လောက်ရှိမယ်။ လက်နက်တွေလည်း သိမ်း ဆည်းရရှိခဲ့တာရှိတယ်၊ အရေအတွက်တော့ အတိအကျပြောလို့ရသေးဘူး။ လက်နက်တွေဖွတ်ပြီး ထွက်ပြေးတာတွေလည်းရှိတယ်၊ အဲလိုအထိနာသွားတ့အချိန် မှာ လေကြောင်းပစ်ကူတောင်းတော့ ဖိုက်တာနဲ့လာပစ်တာ၊ ဗုံးသီးလည်းချတယ်၊ အပေါ်က‌နေ စက် လက်တွေပါဆွဲတယ်။ တိုက်ပွဲက ၁၂ နာရီလောက်ကနေ စဖြစ်တာ၊ တိုက်ပွဲဖြစ်ချိန်က ၄ နာရီဝန်းကျင်လောက်ရှိမယ်” ဟု 96 Solider PDF (အညာဒေသ) မှ ဒုတိယစစ်ရေးတာဝန်ခံ ကိုဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ပိတ်ဆို့ဖြတ်တောက်ခံရမှုသည် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ဖြစ်နေစဉ် ညနေ ၃ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ထက် မနည်းဗုံးကျဲပြီး စက်လက်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်၊ ယင်းတိုက်ပွဲဖြစ်သည့်နေရာကို ယနေ့ ညပိုင်းအထိ Mi ၁၇ ဖြင့် ကင်းထောက်လှည့်ပတ်ပျံသန်းမှုရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို 96 Soliders PDF (အညာဒေသ) တပ်ဖွဲ့အပါအဝင် ဒေသကာကွယ်ရေးတပ် ဖွဲ့များ၊ NUG ကာကွယ်ရေးဝန်းကြီးဌာန တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

Breaking News
ဘုတလင်တွင် အင်အားတရာခန့်ပါစစ်​ကြောင်းကို PDF များစစ်​ကြောင်းပျက်​အောင်တိုက်ခိုက်
▪︎စစ်​ကောင်စီတပ်မှအများအပြား​သေဆုံးပြီး
၃၀ ဦးခန့်စစ်သုံ့ပန်းဖမ်းမိ
လူအေး၊ ​ဇေ​အောင် /People’s Spring
ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှထွက်လာသည့်
အင်အားတရာခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းတကြောင်းလုံး ဖွဲ့စည်းပုံပျက်သွားပြီး အများအပြားသေဆုံးကာ အရှင်ဖမ်းမိထားသူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။
“မနက် ၁၀နာလောက်ကတည်းက ချနေတာပါ။ စစ်ကြောင်းတကြောင်းလုံးကိုဖျက်ဆီးပစ်နိုင်တာ။အရှင်မိထား တာတွေရှိတယ်” ဟု ပြည်သူ့ကာ
ကွယ်ရေးရဲ ဘော်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း အရှင်ဖမ်းမိထားကြောင်း ကနဦးသတင်းရရှိသော်လည်း အသေးစိတ်အတည်ပြုရန်လိုအပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
တိုက်ပွဲဖြစ်နေစဉ်နှင့် ဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းမှ ကိုးကြိမ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီသည် ရုပ်အလောင်းများအား ကောက်ယူရန် ကြိုးစား​သော်လည်းအရာမထင်ခဲ့ကြောင်း တိုက်ပွဲဝင်ပြည်သူ့ကာကွယ် ရေးရဲ ဘော်တစ်ဦးကပြောသည်။
” မိတ္တိလာလေတပ်ကနေ တက်လာပြီး ပစ်တာ” ဟု ကာကွယ်ရေးရေး ဘော်ကပြောသည်။
ကူတော်ရဲစခန်းသည် ဒီပဲယင်းနှင့် ဘုတလင်မြို့
နယ်ကြား၌ တည်ရှိပြီး စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီ၏ဘီလူးစစ်ကြောင်းဟု PDF အချို့က​ပြော​နေ​သော်လည်း People’s Spring ကအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ကူတော်ကနေ ဘုတလင်ကို ပြန်ခေါက်တဲ့စစ်ကြောင်းက အားလုံးကို အရှင်အသေအားလုံးကို ရလိုက်တယ်။ အရှင်နဲ့အသေအားလုံး တွက်ရသလောက် ငါးဆယ်ကျော်လောက်ရထားတယ်။ မှောင်လည်းမှောင်ပြီဆိုတော့ အားလုံးမကောက်နိုင်ဘူး။ စစ်ကြောင်းတစ်ကြောင်းလုံးမှာ အကုန်
လုံးပိတ်ဆို့ပြီးတော့မှ အသေများတာပေါ့ဗျာ။ အသေအလောင်းများပြီးမှ အရှင် ၂၀ လောက်ရတာ။ အတိအ​ကျတော့မဟုတ်သေးဘူး။ စစ်
ကြောင်းတစ်ကြောင်းလုံးပိတ်မိတော့အကုန်ရတယ်။”ဟု ဘုတလင်ပကဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ညနေ ၃ နာရီခွဲခန့်တွင် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ ထိခိုက်မှုမရှိကြောင်း၊ မြေပြင်စစ်ကြောင်းကိုသာ ဝိုင်းဝန်းပိတ်ဆို့တို​က်ခို​က်ရင်း ရဲဘော် ၂ ဦး ကျည်ရှပ်ထိပြီး ဒဏ်ရာရသည်မှလွဲ၍ အခြားထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။
ထိုစစ်ဆင်ရေးအား ဘုတလင်၊ ရွှေဘို၊ မုံရွာ၊ မြို့
နယ်ခရိုင်တပ်ရင်းများ၊ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားနေ၍ မုံရွာ-ဘုတလင်လမ်းပိုင်း အသွားအလာယာယီရပ်နားခဲ့ပြီး ညပိုင်းတွင်ပြန်ဖွင့်ထားသော်လည်း သွားလာသူမရှိကြောင်း ဒေသခံအချို့က ပြောသည်။
တိုက်ပွဲသတင်းအပြည့်အစုံကို အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်
ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်လိမ့်မည်
ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။
ရွှေဘိုခရိုင်မှ PDF တစ်ဦးကလည်း”ဒီစစ်ကြောင်း ကျတော်တို့နဲ့ ထိတိုက်တွေ့ဖူးတယ်။ အရှင်တွေဖမ်းမိပြီးဆိုကတည်းက ဖွဲ့စည်းပုံပျက်တာပဲ။ ဒီပွဲက အလွတ်ကြီးစားရတာ” ဟု​ပြောသည်။
(ဘုတလင်​ဒေသရှိ PDF တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ-ဘုတလင် PDF)