ထိုင်း -မြန်မာနယ်စပ်ရှိ နှစ်ပေါင်း ၄၀ ကျော်ကြာ သက်တမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်း တစ်ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားသဖြင့် တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်နေပြီး စခန်းကို အပြီးသတ်သိမ်းယူ

by

in

ထိုင်း -မြန်မာနယ်စပ်ရှိ နှစ်ပေါင်း ၄၀ ကျော်ကြာ သက်တမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်း တစ်ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားသဖြင့် တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်နေပြီး စခန်းကို အပြီးသတ်သိမ်းယူ
ရန်ကုန်၊ စက်တင်ဘာ ၂၈
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ နှစ်ပေါင်း ၄၀ ကျော်ကြာ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ် ရှေ့တန်းစခန်းမှ စစ်သားများ စခန်းထွက်ပြေးသွားသဖြင့် လိုက်လံရှင်း လင်းတိုက်ခိုက်နေကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်း စစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ခန့်ကစ၍ တနင်္သာရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် သိန္ဓောရွာ အခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီ၏ သိန္ဓောစခန်းကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ တို့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှုအပါအဝင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိအခိုက်အကျအဆုံးများကာ စခန်းလက် လွှတ်ရခါနီးအချိန် မြေပြင်စစ်ကူအင်အားအများအပြား ထပ်မံရောက်ရှိလာခဲ့သဖြင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်းက ထိုးစစ်ဆင်မှုကို ယာယီရပ်နားခဲ့ပြီး အဆိုပါစခန်းကို အဆက် မပြတ်ဝန်းရံပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အဆက်မပြတ်ဝိုင်းဝန်းပိတ်ဆို့ခံထားရသော အကြမ်းဖက်စစ် သားများ က စက်တင်ဘာလ ၂၅ ရက်နေ့ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ယင်းအကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ ထို့ပြင် ထွက်ပြေးသွားသော အကြမ်းဖက်စစ်သား များကိုလည်း လိုက်လံပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
“အင်အား ၁၅၀ လောက်နဲ့ ဆုတ်သွားတာပါ။ လက်ရှိ ဘန်ကြုတ်ကျေးရွာအနီးမှာ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ စခန်းရှင်းလင်းတဲ့အချိန်မှာတော့ မြှုပ်ထားတဲ့ မိုင်းတွေပဲ တွေ့ပါ တယ်။ လက်ရှိသူတို့စစ်ကောင်စီတပ်တွေ ကျနော်တို့နယ်မြေထဲမှာပဲရှိသေးတယ်။ ကျနော်တို့ဘက် က လိုက်လံပိတ်ဆို့ တိုက်ခိုက်နေဆဲပါ” ဟု မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ သိန္ဓောစခန်းသည် ၁၉၈၀ ခုနှစ်ခန့် ကတည်းက တပ်စွဲထားခဲ့သည့် စခန်း ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊လေကေစခန်း နှင့် ပွိုင့် ၃၀၀၀ စခန်းတို့ကို အုပ်ချုပ် ထောက်ပံ့မှုပေးနေသော အဓိကကျသည့် ရှေ့တန်းစခန်းဖြစ်ကြောင်း သိရသည်။
လတ်တလော တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြိတ်ခရိုင်အတွင်း ခရီးသွားလာကြမည့် ပြည်သူများအနေ ဖြင့် တိုင်းစစ်ဌာန(တနင်္သာရီ)က ထုတ်ပြန်ထားသည့် အသိပေးချက်များအတိုင်း အလေးထားပူးပေါင်းပေးကြပါရန် အသိပေးထုတ်ပြန်ထားသည်။