လားရှိုးကို MNDAA က မသိမ်းပိုက်မီ ထွက်ပြေးသွားခဲ့သော အမှတ် ၇ ဆက်သွယ်ရေးတပ်မှ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးညီညီထွန်းကို သေဒဏ်ချမှတ်နိုင်သော တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (က) ဖြင့် အရေးယူမည်

by

in

လားရှိုးကို MNDAA က မသိမ်းပိုက်မီ ထွက်ပြေးသွားခဲ့သော အမှတ် ၇ ဆက်သွယ်ရေးတပ်မှ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးညီညီထွန်းကို သေဒဏ်ချမှတ်နိုင်သော တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (က) ဖြင့် အရေးယူမည်
ရန်ကုန်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA က မသိမ်းပိုက်မီ ထွက်ပြေးသွားခဲ့သော အမှတ် ၇ ဆက်သွယ်ရေးတပ် စစ်ပြေး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီထွန်းကို သေဒဏ်ချမှတ်နိုင်သော တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ (က) ဖြင့် အရေးယူရန်ရှိနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
လားရှိုးမြို့နယ် အခြေစိုက် အမှတ် ၇ ဆက်သွယ်ရေးတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီထွန်းသည် လား ရှိုးမြို့ ကို MNDAA က စတင်တိုက်ခိုက်ခဲ့သည့် ဇူလိုင်လအတွင်း တပ်မှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ အချိန် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ရပ်ကွက် ၁ ၊ လမ်းမတော်လမ်းသွယ်ရှိ ၊ စိန်နန်းတော်မိုတယ်အနီးတွင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းကို စစ်တပ်၏ သတင်းအချက် အလက် များ MNDAA ထံသို့ ပေါက်ကြားစေသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၄၃ ကျောင်းဆင်း အသက် ၄၅ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ညီညီထွန်းကို ပင်လုံမြို့ ဝန်တင်တပ်ရင်း ၂ တွင် ဖမ်းဆီးချုပ်နှောင် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
“သူ့ကိုတော့ စစ်ဆေးနေတုန်းပါပဲ။ တစ်ဖက်အဖွဲ့အစည်းကို တပ်ရဲ့ လျှို့ဝှက်ချက် သတင်း၊ တပ်တည်တပ်လှုပ် အချက်အလက် တွေပေးခဲ့သလား၊ တပ်ဆက်သွယ်ရေး စနစ်ရဲ့ လျှို့ဝှက် ဆက်သွယ်ရေးကုတ်တွေကို ပေးခဲ့သလား ဆိုတာကို စစ်ဆေးမေးမြန်းနေပါတယ်။ အဲဒီစစ်ဆေးချက်အပေါ် မူတည်ပြီးတော့ အရေးယူမှုတွေ ထပ်တိုးပါလိမ့်မယ်။ အခုက သူက မိမိရဲ့ တပ်စခန်းကို စွန့်ခွာတာဖြစ်လို့ တပ် မတော် အက်ဥပဒေ ပုဒ်မ ၃၂ (က) အရကတော့ အရေး ယူခံရမယ်။ အဲဒီပုဒ်မက သေဒဏ်အထိချလို့ရတယ်” ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) တွင် ဤအက်ဥပဒေကို လိုက် နာရသူတဦးဦးသည် မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာ ကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျ နေရာ၊ နေရာ၊ ရေယာဉ်၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာ စွန့်ပစ်လျှင်၊ သို့တည်း မဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါ ပြုလုပ်မှု များ အနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန် တပ်မှူး တဦးဦး အားသော် လည်း ကောင်း၊ ၊ အခြားသူတဦးဦးအားသော်လည်းကောင်း၊ အတင်း အကျပ်ပြု ရန် ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံး ပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့် စေရ မည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ တပ်မတော် အက်ဥပဒေ ပုဒ်မ ၃၂ (က) ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် MNDAA ထံ လက်နက်ချ အညံ့ခံခဲ့သော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ် ခုံရုံးက ယခုနှစ် ဇန်နဝါရီလအတွင်း သေဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။