မြင်းခြံမြို့နယ်ရှိ MBT တပ်ဖွဲ့စခန်းကို လာရောက် တိုက်ခိုက်သည့် စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး၊ စစ်သား အားလုံး တပ်ပျက်ပြီး ထွက်ပြေး

by

in

မြင်းခြံမြို့နယ်ရှိ MBT တပ်ဖွဲ့စခန်းကို လာရောက် တိုက်ခိုက်သည့် စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး၊ စစ်သား အားလုံး တပ်ပျက်ပြီး ထွက်ပြေး
ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ MBT တပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက် သည့်အကြမ်းဖက်စစ်ာသးများကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း -၃ အခြေချရာ တပ်စခန်းများကို အကြမ်းဖက် စစ်တပ်က အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ MBT တပ်ဖွဲ့ ဝင်များ၏ ရဲရင့်ပြတ်သားမှုစွာ တန်ပြန်ချေမှုန်းတိုက်ခိုက်မှု၊ တည်ဆောက်ထားသော ဘန်ကာ ခိုင်မာ မှုတို့ကြောင့် အကြမ်းဖက်စစ်သားများ နောက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
“ဒီစစ်ကြောင်းမှာက မြင်းခြံခြေမြန်တပ်ရင်းကဟာတွေပါတယ်၊ ပြီးလို့ရှိရင် ရဲတွေ၊ သီတာယုမွန်ရဲ့ ပျူစောထီးတွေပါတယ်။ မနက် ၅ နာရီလောက်မှာ အလစ်အငိုက်ဝင်ပြီး တိုက်ခိုက်တာပေါ့။ သူတို့ အထင်ကတော့ လွယ်လွယ်ရမယ်ထင်လို့ လက်နက်အင်အား၊ လူအင်အားအသာစီးနဲ့ ဝင်လာတာ။ ဒါပေမယ့် ကျနော်တို့တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ စစ်ရေးကျွမ်းကျင်မှုတွေ ၊ စစ်ရေးအတွေ့အကြံတွေနဲ့ အမိန့်နာခံမှုအားကောင်းတာတွေကြောင့် ဒီကောင်တွေမနိုင်တော့ပဲနဲ့ နောက်ပြန်ဆုတ်သွားတယ်။ ၇ နာရီထိုးလောက်ကျတော့ ညီနောင်မဟာမိတ်တွေက အင်အားဖြည့်လာကူပေးတာ။ အဲဒီအချိန်မှာ အင်အားပို့တောင့်သွားတယ်၊ လက်နက်တွေပိုပြီးတော့ များလာတယ်။ အဲဒီအချိန်မှာ တန်ပြန်ထိုးစစ် ဆင်တိုက်တဲ့အချိန်မှာ ဒီကောင်တွေ ပြန်ပြီးထွက်ပြေးသွားတာပေါ့၊ အဲဒီအချိန်မှာ ခြေဆေးချောင်းထဲ မှာ အပိုင်ပစ်ခတ်နေတဲ့အချိန် လေယာဉ်ရယ်၊ ဒရုန်းရယ်ရောက်လာပြီးတော့ ဝေဟင်က ပစ်ကူပေး တဲ့အတွက် အနည်းငယ်ပြန်ဆုတ်ပေးခဲ့ရတာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။
ထိုသို့ ပြန်ဆုတ်သွားပြီးနောက် နံနက် ၇ နာရီခန့်အျခိန်တွင် MBT တပ်ဖွဲ့နှင့် မဟာမိတ်တပ်များဖြစ် သော မြင်းခြံခရိုင် အမှတ် ၁၊၂၊၃၊၇၊၈) တပ်ရင်းများ ၊ မြင်းခြံခရိုင် ပကဖ၊ စွန်ရဲပြောက်ကျား တပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့များမှ တပ်ကူများလာရောက်ပူး ပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ခြေဆေးချောင်းအတွင်း၌ အကြမ်းဖက်စစ်သားများကို ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ အထိနာသွားပြီး အကြမ်း ဖက်စစ်တပ်က လေယာဉ် ၂ စီး၊ ဒရုန်း ၅ စင်းဖြင့် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနည်းပြန်ဆုတ်ပေးကာ ခုခံစစ်ဆင်အနေအထားဖြင့် စောင့် ဆိုင်းနေစဉ် အကြမ်းဖက်စစ်သားများလည်း သေဆုံး စစ်သား ၁၈ ဦးအပါအဝင် ဒဏ်ရာရ စစ်သား များကို 4 Wheel ကားဖြင့် သယ်ဆောင်ကာ မြင်းခြံမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
“နေ့ခင်း ၁ နာရီလောက်ကျတော့ နယ်မြေရှင်းလင်းရေးအားလုံးလုပ်ပြီးသွားပါပြီ။ လေယာဉ်ရော ၊ ဒရုန်းရော ဝေဟင်ကနေ တိုက်ခိုက်နေလို့ ပြန်ဆုတ်ပေးလိုက်ပြီး ဒုတိယခုခံစစ်ကနေ ထပ်စောင့်တဲ့ အချိန်မှာ တက်မလာတော့ပဲနဲ့ ပြန်ဆုတ်သွားကြတာ၊ အဲဒါကြောင့် လက်နက်ခဲယမ်းတွေတော့ မရခဲ့ ဘူး။ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရှင်းပြသည်။