သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး၊ အမျိုးသမီးများအပါအဝင် ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ

by

in

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး၊ အမျိုးသမီးများအပါအဝင် ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ
ရန်ကုန်| စက်တင်ဘာ ၂၆

ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈နာရီ ဝန်းကျင်အချိန် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ရာ ကလေး၊ အမျိုး သမီးများ အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီက သံတွဲမြို့တော်ခန်းမနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးများ အပါအဝင် ယင်းပတ် ဝန်းကျင်ရှိ နေအိမ်များအပေါ်သို့ လေကြောင်းမှတစ်ဆင့် ဗုံးများကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်နှင့် အဆောက် အအုံများလည်း ပျက်စီးမှုများပြားကြောင်း၊ ပြည်သူများ သေဆုံးမှုနှင့် ထိခိုက်မှုလည်း များပြားကြောင်း သိရှိရသည်။
ဓာတ် – ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီ ဗုံးကျဲတိုက် ခိုက်မှုကြောင့် သံတွဲမြို့ပေါ်က သေဆုံးသွားကြသော ကလေးငယ်များ၊ အမျိုး သမီးများနှင့် အပြစ်မဲ့ပြည်သူများအား တွေ့ရစဉ်။

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်| စက်တင်ဘာ ၂၆
ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ယမန်နေ့ စစ်ကောင်စီက လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့ ကမ်းထောင်းကြီးမြို့ထဲက ဘုန်းတော်ကြီးကျောင်းနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၄ လုံးထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ကလေးငယ်မှာ အသက် ၁၀ နှစ်အရွယ် မရွှေဇင်ဝင်းဖြစ်ပြီး အသက် ၃၅ နှစ်ကျော်အရွယ် မောင် သန်းဌေးတို့မှာ နေရာ၌ သေဆုံးသွားကြောင်း သိရှိရသည်။
ကမ်းထောင်းကြီးဒေသခံတစ်ဦးက ” မနေ့က ညနေ ၃ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။ ပြီးတော့ မနေ့က ဥပုသ်နေ့လည်းဖြစ်တယ်။ ကလေးငယ်က တော်တော် သနားဖို့ ကောင်းပါတယ်။ ဗုံးစ လည်ပင်းကို ဖောက်ဝင်သွားပြီး သေသွားရရှာတာ။ သန်းဌေးမှာလည်း ခါးကို ဗုံးစဝင်သွားတာ။ ဒဏ်ရာရတဲ့သူ ၈ ဦးထက်မနည်းရှိတယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသူများကို အရေးပေါ် ဆေးကုသမှုပေးထားကြောင်းနှင့် စိုးရိမ်ရသူများပါဝင်ကြောင်းနှင့် ဖုန်းဆက်သွယ်ရ ခက်ခဲနေ၍ ဒဏ်ရာရရှိသူများ၏ အမည်နှင့် အသက်ကို မသိရသေးပေ။
ထို့ပြင် ဒဏ်ရာပြင်းထန် ရရှိသူများကို ဆေးကုသရာတွင် ဆေးဝါးများ ပြတ်လပ်နေ၍ အရေးပေါ်ဆေးဝါးများ လိုအပ်နေပြီး ထိုခိုက်ဒဏ်ရာရသူများ အသက်အန္တရာယ် စိုးရိမ်းနေရကြောင်း ကူညီဆောင်ရွက်နေသသူများက ပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ကလေးအပါအဝင် ဒဏ်ရာရရှိသူ ၃ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
Photo- APM။