NUG နဲ့ KIA ၊ AA ၊CNF တို့ကို ICWAဆွေးနွေးပွဲ တက်ရောက်ဖို့ အိန္ဒိယ ဖိတ်ကြား

by

in

NUG နဲ့ KIA ၊ AA ၊CNF တို့ကို ICWAဆွေးနွေးပွဲ
တက်ရောက်ဖို့ အိန္ဒိယ ဖိတ်ကြား
-People’s Spring

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) သုံးဖွဲ့ကို အိန္ဒိယ အစိုးရက ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း သိရပါတယ်။ ဒါဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှာ အာဏာ
သိမ်းမှု ဖြစ်ပွားပြီး ကတည်းက စစ်တပ်နဲ့သာ အဓိကထား ထိတွေ့ ဆက်ဆံနေခဲ့တဲ့ အိန္ဒိယရဲ့
မူဝါဒပိုင်းမှာ ထင်ရှားတဲ့ အရွေ့တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။
နိုဝင်ဘာ လလယ်ကျရင် ကျင်းပမယ့် အဲဒီ ဆွေးနွေးပွဲကို NUGနဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် အခြေစိုက် EAOတွေ တက်ရောက်ဖို့အတွက် အိန္ဒိယက ဖိတ်ကြားထားတာလို့ EAO ခေါင်းဆောင်တစ်ဦးနဲ့ အဲဒီကိစ္စနဲ့ နီးစပ်သူ နှစ်ဦးက အတည်ပြု ပြောကြားခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့​တွေက KIA ၊ AA နဲ့ CNF/CNA တို့လို့စုံစမ်းသိရပါတယ် ။
နယူးဒေလီမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို အိန္ဒိယ အစိုးရက ရန်ပုံငွေ ထောက်ပံ့ပေးထားပြီး နိုင်ငံ
ခြားရေး ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကိုယ်တိုင် ပါဝင်တဲ့ အိန္ဒိယ ကမ္ဘာ့ရေးရာ ကောင်စီ (ICWA)က ကြီးမှူးမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် နှစ်ဦးက ဆိုပါတယ်။
အိန္ဒိယရဲ့ အခုလို ဖိတ်ကြားမှုဟာ မျှော်လင့်မထားတဲ့ အခြေအနေ တစ်ရပ်လို့ ဆိုနိုင်ပြီး အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်တွေကိုရော ဖိတ်
ကြားထားသလား ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ အဲဒီ ဆွေးနွေးပွဲရဲ့ အဓိက ခေါင်းစဉ်ဟာ ဖွဲ့စည်းပုံ အခြေခံနဲ့ ဖက်ဒရယ် ဝါဒတွေကို ဦးတည်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် ပေး
မသွားခဲ့ပါဘူး။
ဖိတ်ကြားခံရတဲ့ထဲမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဆလိုင်းလျန်မှုန်းဆာခေါင်းက အိန္ဒိယကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ် ဆိုတာကို Reuters ဆီ အတည်ပြုပေးခဲ့ပါတယ်။ ဒါဟာ အိန္ဒိယက အာဏာချုပ်ကိုင်ထားတဲ့ အစိုးရ (စစ်ကောင်စီ) မဟုတ်တဲ့ အစုအဖွဲ့တွေနဲ့ ပထမဆုံး ထိတွေ့ဆက်ဆံလာမှုလို့ ယုံကြည်ကြောင်း၊ ဒါဟာ ကောင်းမွန်ပြီး အပေါင်းလက္ခဏာဆန်တဲ့ အရွေ့တစ်ခုဖြစ်ကြောင်း CNF ဒုတိယ ဥက္ကဋ္ဌက ဆိုပါတယ်။
Reutersရဲ့ ဆက်သွယ် မေးမြန်းမှုကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖက်က အကြောင်းပြန်တာမျိုး မရှိသလို အိန္ဒိယနဲ့ ICWAကလည်း လော
လောဆယ်မှာ တိကျတဲ့ မှတ်ချက်မျိုး မပေးသေးပါဘူး။ NUG၊ CNFတို့အပြင် အိန္ဒိယရဲ့ ဖိတ်ကြားမှုကို လက်ခံရရှိတဲ့ တခြားအဖွဲ့အစည်းတွေက အာရက္ခတပ်တော် (AA)နဲ့ ကချင်လွတ်
လပ်ရေး တပ်မတော် (KIA)တို့ ဖြစ်ပါတယ်။
အိန္ဒိယဆီက ဖိတ်ကြားခံရမှုနဲ့ ပတ်သက်ပြီး NUG၊ KIAနဲ့ AAတို့ကလည်း ရိုက်တာကို မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
အိန္ဒိယဟာ အနောက်နိုင်ငံတွေဆီက ဖိအားပေးမှုတွေ ရှိနေတဲ့တိုင် အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ကာလရှည်ကြာ ထိတွေ့ဆက်ဆံနေခဲ့ပါတယ်။ အိန္ဒိယဟာ အာဏာသိမ်းမှုကို တိုက်ရိုက် ဝေဖန်မယ်ဆိုရင် ခါးသီးပြိုင်ဘက် တရုတ်နဲ့ ပိုနီးစပ်အောင် မြန်မာစစ်တပ်ကို တွန်းပို့သလို ဖြစ်မှာကို စိုးရိမ်တဲ့အတွက် အဲဒီအခြေအနေကို သတိကြီးကြီး ရှောင်လွှဲခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဖိတ်ကြားမှု မတိုင်ခင် အိန္ဒိယဟာ စစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ အင်အားစုတွေနဲ့ တ
ရားဝင် ထိတွေ့ ဆက်ဆံမှုမျိုး မရှိခဲ့ပါဘူး။ နိုဝင်
ဘာ လလယ်မှာ ကျင်းပမယ့် ဆွေးနွေးပွဲနဲ့ ပတ်
သက်ပြီး အိန္ဒိယရဲ့ ရည်ရွယ်ချက်ကလည်း လက်ရှိ အချိန်ထိ ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။
ကိုးကား-ရိုက်တာ
(NUG ယာယီသမ္မတ နှင့် KIA ၊ AA ၊ CNA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-NUG၊AA Infodesk၊ CIC၊ CJ)