မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ၊ လူသားချင်းစာနာထောက်မှု အကူအညီများ ခွင့်ပြုရန် နှင့် တွေ့ဆုံဆွေးနွေးရေးမှ တစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် Quad ၄ နိုင်ငံက တောင်းဆို

by

in

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ၊ လူသားချင်းစာနာထောက်မှု အကူအညီများ ခွင့်ပြုရန် နှင့် တွေ့ဆုံဆွေးနွေးရေးမှ တစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် Quad ၄ နိုင်ငံက တောင်းဆို
ရန်ကုန်၊ စက်တင်ဘာ ၂၅
အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့ပါဝင်သော Quad အဖွဲ့ဝင် ၄ နိုင်ငံက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်း ဆီးထားသူများ ပြန်လွှတ်ပေးရန် ၊ လူသားချင်းစာနာထောက်မှု အကူအညီများ ခွင့်ပြုရန် နှင့် တွေ့ဆုံဆွေးနွေးရေးမှ တစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
စက်တင်ဘာလ ၂၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု ၊ Delaware ပြည်နယ်တွင် Quad နိုင်ငံများ အစည်းအဝေးသို့ အမေရိကန်သမ္မတ ဘိုင်ဒင်၊ ဂျပန် ဝန်ကြီးချုပ် Kishida Fumio ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဩစတြေးလျ ဝန်ကြီး ချုပ် Anthony Albanese တို့ တက်ရောက်ခဲ့ပြီးနောက် ကြေညာသော ထုတ်ပြန်ချက်တွင် မြန်မာ့အရေးအတွက် ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ပိုဆိုးလာသည့်အပေါ် စိုးရိမ်မိပြီး အကြမ်း ဖက်မှုများ ချက်ချင်းရပ်ဖို့၊ မတရားဖမ်းဆီးချုပ်နှောင်ထား သူ များကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ခွင့်ပြုပေးရန် ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများ အားလုံးအကြား အပြု သဘော ဆောင်ပြီး အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲများမှတစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန် တောင်းဆိုသည်။
မြန်မာ့အရေးအကျပ်အတည်းနှင့်ပတ်သက်ပြီး အာဆီယံ ဦးဆောင်သော ဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး၊ အာဆီယံအထူးသံတမန်၏ အခန်းကဏ္ဍကို ထောက်ခံကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ကို အကောင် အထည် ဖော်ရန် တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် မတည်ငြိမ်မှုများက ဆိုက်ဘာရာဇ၀တ်မှု၊ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများ တိုးမြင့်လာမှု အပါအဝင် ဒေသတွင်းအတွက် ဆိုးရွားသော သက်ရောက်မှုများ ရှိနေကြောင်း၊ လေ ယာဉ်ဆီ အပါအဝင် လက်နက်များ နှင့် နှစ်ထပ်သုံးပစ္စည်း စီးဆင်းမှုကို တားဆီးရန် နိုင်ငံအားလုံးကို Quad နိုင်ငံများက မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
Quad နိုင်ငံများအနေဖြင့် မြန်မာပြည်သူများဘက်မှ ပြတ်ပြတ်သားသား ရပ် တည်ပြီး သက်ဆိုင်သူများအားလုံးနှင့် လက်တွေ့ကျပြီး အပြု သဘောဆောင်သော နည်းလမ်းဖြင့် ဆက်လက်လက်တွဲဆောင်ရွက်သွားရန် ကတိပြုကြောင်း၊ မြန်မာနိုင်ငံပြည်သူများ ဦးဆောင်သည့် လမ်းကြောင်းမှ တစ်ဆင့် ရေရှည်တည် တံ့ခိုင်မြဲသော အဖြေကို ရှာဖွေကာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်း ကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ဆောင်ရန် Quad နိုင်ငံများက ကတိပြုကြကြောင်း သိရှိရသည်။