ကနီနှင့် မင်းကင်း မြို့နယ်အစပ်တွင် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ စီး မီးလောင် ပျက်စီး(ရုပ်/သံ)

by

in

ကနီနှင့် မင်းကင်း မြို့နယ်အစပ်တွင် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ စီး မီးလောင် ပျက်စီး(ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နှင့် မင်းကင်း မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ စီး မီးလောင် ပျက်စီးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ခံ ကိုသစ်တော က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ကနီမြို့နယ် နှင့် မင်းကင်း မြို့နယ် အစပ်ကို ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးပါ ရေယာဉ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ စီးမီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ရေယာဉ် အုပ်စုကို မုံရွာခရိုင်တပ်ရင်း ၃ က ပွိုင့် ၃ ပွိုင့်ထားပြီး တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“စစ်ခွေး အသေစာရင်းကတော့ တိတိကျကျ မသိရပေမယ့် ဖလက် ၉ စီးမှာ ၂ စီးက RPG ဖူးထိမှန်ပြီး မီးလောင်သွားတယ်။ မီးခိုးတွေ အများအပြားထွက်ပြီး ထိခိုက်ပျက်စီးသွားတယ်။ စစ်သင်္ဘော ၃ စီးပါတယ် အဲခွေး ရေယာဉ်တွေထဲမှာ ကျနော်တို့ မုံရွာခရိုင်တပ်ရင်း ၃ က ပွိုင့် ၃ ပွိုင့်ထားပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ပြီး တိုက်ပွဲထိတွေ့မှု ဖြစ်ခဲ့တာပါ။ ထိထိရောက်ရောက်ပစ်နိုင်ခဲ့တယ်” ဟု မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ခံ ကိုသစ်တော က ပြောဆိုသည်။