“ပြည်သူ့အချစ်တော် မင်းမော်ကွန်းရေကြားလိုက်ရတဲ့သတင်းက မထင်မှတ်ရလောက်အောင်ပါဘဲ..”

by

in

“ပြည်သူ့အချစ်တော် မင်းမော်ကွန်းရေကြားလိုက်ရတဲ့သတင်းက မထင်မှတ်ရလောက်အောင်ပါဘဲ..”

မင်းမော်ကွန်း ပထမဆုံးပါဝင်တဲ့ တော်လှန်ရုပ်ရှင် ‘ဖြတ်’ နယူးယောက်မှာ ရုံတင်ပြသမယ်
စက်တင်ဘာ ၂၃၊ ၂၀၂၄

တော်လှန်အနုပညာရှင် မင်းမော်ကွန်း ပထမဆုံး ပါ၀င်ထားတဲ့ တော်လှန်ရုပ်ရှင် ‘ဖြတ်’ ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၄ နို၀င်ဘာလ ၉ရက်နေ့မှာ ပြသမယ့် ‘ဖြတ်’ အမည်ရ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စောဆေးထူးက ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒါဟာ မင်းမော်ကွန်းအနေနဲ့ တော်လှန်ရေးအတွက် ပထမဆုံး ပါ၀င်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။
တော်လှန်ရုပ်ရှင်အတွင်း မင်းမော်ကွန်းအပြင် အောင်မြင့်မြတ်တို့ပါ၀င်ထားပြီး ရုံတင်ရရှိတဲ့ငွေတွေကို တော်လှန်ရေးအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ရုပ်ရှင်ကို နယူးယောက်မြို့က Walter W.Birge III Theatre မှာ ပြသသွားမှာဖြစ်ပြီး နေ့လည် ၁၂ နာရီခွဲ နဲ့ ၂နာရီခွဲ ပွဲစဉ်နှစ်ခုပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်သရုပ်ဆောင် မင်းမော်ကွန်းဟာ သူ့ရဲ့အနုပညာနဲ့ မကြာခဏ ရန်ပုံငွေတွေရှာဖွေပေးနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကူညီပါ၀င်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။