စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ်

by

in

စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ်
ရန်ကုန်၊ စက်တင်ဘာ ၂၃
အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ်နှင့် ဗုံးကျဲလေ ယာဉ်များ အတက်အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများမှ ပြည်သူများအနေ ဖြင့် လေကြောင်းအန္တရာယ်သတိထားကြရန် လို အပ်ကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ နေ့စဉ်၊ အပတ်စဉ် လေတပ်များမှ တိုက် လေ ယာဉ်နှင့် ဗုံးကျဲလေယာဉ်များ အတက်အဆင်း ပြုလုပ်မည့် အ ရေ အတွက် ပြန်လည် များပြားလာခြင်းဖြစ်ကြောင်း၊ လေယာဉ်အတက်အဆင်း များပြားခြင်းသည် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများအတွက် လေကြောင်းအန္တရာယ် မြင့်တက်နေသည့် သဘောဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
” ဒီရက်ပိုင်းမှာ လေယာဉ်အတက်အဆင်းတွေ ပြန်များနေမယ်။ ဘယ်နေရာတွေကို ဦး တည် ပျံသန်းမလဲ ဆိုတော့ မသိရဘူး။ လေယာဉ် ပျံတက်မယ့် စာရင်းတွေ ပြန်များနေတာတော့ အတည်ပြုနိုင်တယ်။ စက်တင်ဘာလလယ် ရေကြီးတုန်းကတော့ လေယာဉ်တွေ အတော်များများ ရပ်နားခဲ့တယ်။ တာဝန်ထမ်းဆောင်မယ့် လေယာဉ်မှူး၊ တွဲဖက်နဲ့ လေယာဉ်စာရင်းကတော့ နေ့စဉ်၊ အပတ် စဉ် Update လုပ်နေတယ်။ စက်တင်ဘာလကုန်အထိ လေယာဉ်အတက် အဆင်းများမှာမို့ လေကြောင်းအန္တရာယ် သတိထားဖို့လိုပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
လေယာဉ်အတက်အဆင်းများသည့် လေဆိပ်များတွင် တံတားဦးလေတပ်၊ အေလာလေတပ်၊ မှော်ဘီလေတပ်တို့က လေယာဉ်အတက်အ ဆင်း အများဆုံး ဖြစ် ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေးအတွက် ရန်နိုင်မင်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ယခုရက်ပိုင်းအတွင်း ဖားကန့်၊ လားရှိုး၊ နောင်ချို၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်၊ ကရင်နီမကွေးတိုင်းနှင့် မန္တလေးတိုင်းရှိ တိုက်ပွဲများဖြစ်ပွားနေသော နေရာများသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်လေယာဉ်များ တပ် တော်ဝင်သည့် အခမ်းအနား တက်ရောက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါ သည်။ )

ရုရှားမှ တိုက်ရိုက်ပျံသန်းလာသော IL76 ကုန်တင်လေယာဉ် တစ်စင်း နေပြည် တော်သို့ ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်
ရန်ကုန်၊ စက်တင်ဘာ ၂၃
ရုရှားမှ တိုက်ရိုက်ပျံသန်းလာသော ကုန်တင်လေယာဉ် IL76 တစ်စင်း နေပြည် တော်သို့ ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်​ပြီး ကုန်မဲ့ဖြင့် ပြန် လည် ထွက်ခွာသွားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်း ရုရှားမှ တိုက်ရိုက်ပျံသန်းလာသော IL 76 ကုန်တင်လေယာဉ်သည် နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက် လာခဲ့ကြောင်း၊ အဓိကအားဖြင့် ကုန်ပစ္စည်းများ တင်ဆောင်လာခြင်းဖြစ်ပြီး နေပြည် တော်လေဆိပ်တွင် နာရီပေါင်းများစွာ ရပ်နားကြောင်း၊ နေပြည်တော် အေလာ လေတပ်အတွင်းတွင် တင်ဆောင်လာသော ကုန်ပစ္စည်းများကို ချထားခဲ့ပြီးနောက် စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ကုန်မဲ့ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
“လေယာဉ် အတက် အဆင်းကတော့ သိရပေမယ့် ဘာ Item တွေ တင်ဆောင်လာတယ်ဆိုတာ မသိရပါဘူး။ အေလာလေတပ်ထဲကို တန်းမောင်းသွားပြီး ကုန်ချတာပဲသိရတယ်။ ရုရှားကနေ နေပြည်တော်အထိကို တိုက်ရိုက် ပျံသန်းတာဖြစ် ပါတယ်။ ၂၀ ရက်နေ့ ညပိုင်းရောက်ပါတယ်။ ၂၁ ရက်နေ့မှာ ပြန်လည် ထွက် ခွာပါတယ်။ ပြန်လည် ထွက်ခွာချိန်မှာတော့ ကုန်မဲ့ ခါလီ ပြန်လည် ထွက်ခွာသွားတာဖြစ်ပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရှင်းပြ သည်။
အကြမ်းဖက်စစ်ကောင်စီတပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ ရုရှား ကုန်တင်လေယာဉ်များသည် နေပြည်တော်သို့ မကြာခဏဆိုသလို လာရောက် ၍ ကုန်တင်တင်ကုန်ချပြုလုပ်ခြင်း၊ စစ်လက်နက်ပစ္စည်းများ လာရောက်ပို့ ဆောင်ခြင်း၊ ငွေစက္ကူရိုက်နှိပ်ရာတွင် အသုံးပြုရသည့် စက္ကူကုန်ကြမ်းများ လာရောက်ပို့ဆောင်ခြင်း အပါအဝင် လေယာဉ်ပျံသန်းမှုများ တောက်လျှောက်ဆိုသလိုလုပ်ဆောင်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- ရုရှား Il 76 ကုန်တင်လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)