မင်းကွန်းနယ်မြေရဲစခန်းနဲ့ မြသိန်းတန်ဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

by

in

မင်းကွန်းနယ်မြေရဲစခန်းနဲ့ မြသိန်းတန်ဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
စက်တင်ဘာ ၂၂၊ ၂၀၂၄
စစ်ကိုင်းတိုင်း မင်းကွန်းနယ်မြေရဲစခန်းနဲ့ မြသိန်းတန်းဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ မြသိန်းတန်ဘုရားအရှေ့မုဒ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေကို ငွေတောင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေနဲ့ မင်းကွန်းရဲစခန်းကို အဓိထားတိုက်ခိုက်ခဲ့ပြီး နယ်မြေအခြေအနေအရ ထိခိုက်မှုကို မသိရသေးဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Acid LPDF၊ Royal Falcon Guerrilla force
နဲ့ Phoenix Sgg အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
စက်တင်ဘာ ၂၁၊ ၂၀၂၄
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။