စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

by

in

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး အဆိုပါ စစ်သင်္ဘော ၄ စီးကို KIA က သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်သင်္ဘော ၇ စီးအနက်မှ ၁ စီးသာလျှင် ဗန်းမော်သို့ ရောက်ရှိလာကြောင်း၊ ထီးချိုင်မြို့နယ် မြတောင်တွင်လည်း စစ်သေင်္ဘာ ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။