အထူးမိုးလေဝသသတင်း ————————- ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀:၀၀) နာရီအချိန် ထုတ်ပြန်ချက်

by

in

နေ့စဉ်မိုးလေဝသသတင်း
————————–
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
========================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အပူပိုင်းမုန်တိုင်းအဖြစ်သို့အားကောင်းလာနိုင်ကာ၊ ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက် ရှိပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာနိုင် ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပါသည်။

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း SIXTEEN အခြေအနေ UPDATE – JTWC warning-2)
စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီ
====
JTWC မှ အသစ်ထွက်လာသော TD-SIXTEEN Warning-2 (UPDATE)
Joint Typhoon Warning Center(JTWC)မှ အသစ်ထွက်လာသည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်း TD-SIXTEEN သည် စက်တင်ဘာလ ၁၉ ရက်၊ ည ၆ နာရီခွဲတွင် အပူပိုင်းမုန်တိုင်း TS အဆင့်သို့ရောက်ရှိပြီး ဗဟိုချက်အနီးလေတိုက်နှုန်း 40knots(တနာရီ ၄၆ မိုင်)သို့ ရောက်ရှိလာမည်ဖြစ်သည်။
တရုတ်ပြည်မနှင့် ဟောင်ကောင်-မကာအိုတို့၏ မူအရ အပူပိုင်းမုန်တိုင်းအမည်ကို သတ်မှတ်ပေးကောင်း ပေးနိုင်မည်ဖြစ်သော်လည်း မည်သို့ဆက်လုပ်ကြမည်ကို မသိနိုင်သေး၍ မုန်တိုင်းအမည်ကိစ္စကို စောင့်ကြည့်ရဦးမည်။
🔸 အပူပိုင်းမုန်တိုင်း TS အဆင့်ဖြင့် ဗီယက်နမ်ကမ်းခြေအား DONG HOI မြို့အနီးမှ စက်တင်ဘာ ၁၉ ရက် ညပိုင်း၌ ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားကာ အနောက်-အနောက်မြောက်ယွန်းယွန်း – လာအိုနိုင်ငံတောင်ပိုင်းသို့ ဆက်လက်ရွေ့လျားမည်ဖြစ်သည်။
🔸 လာအိုနိုင်ငံတောင်ပိုင်းတွင် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်လာပြီး ညနေပိုင်း(၂၁ ရက် ညနေ ၃ နာရီခန့်) ချင်းမိုင်မြို့ပေါ်သို့ရောက်ရှိစဉ် လေပွေလှိုင်းအဖြစ် အားလျော့သွားမည်ဖြစ်သည်။
💦 လေပွေလှိုင်း ထိုင်းနိုင်ငံ-ချင်းမိုင်မြို့ ပေါ် ရောက်ရှိချိန် ၂၁ ရက် ညနေပိုင်းမှ စတင်၍ ပဲခူးတိုင်းအနောက်ခြမ်း၊ မကွေးတိုင်းနှင့် နေပြည်တော်၊ မန္တလေးတိုင်းတောင်ဘက်(မန္တလေးမြို့အောက်ဘက်) တို့တွင် မိုးများနိုင်သည်။
(၂၄ နာရီအတွင်း မီလီမီတာ ၁၂၀ ကျော် – ၅ လက်မခန့် ရွာသွန်းနိုင်သည်)
စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင်ပင် ထိုင်းမြန်မာနယ်စပ်အားဖြတ်ကျော်ပြီး ကယားပြည်နယ်အတွင်းသို့ လွိုင်ကော်မြို့အရှေ့ဘက်မှ စတင်ဝင်ရောက်ကာ ညပိုင်း၌ နေပြည်တော်မြောက်ဘက်မှလည်းကောင်း၊ မကွေးမြို့ပေါ်မှလည်းကောင်းကျော်ဖြတ်ကာ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးသို့ရောက်ရှိလာနိုင်မည်၊ ဤအချိန်တွင် အလယ်ပိုင်းဒေသများတွင်မိုးအားလျော့နည်းသွားပြီး ရခိုင်ပြည်နယ်တွင်သာ မိုးများလာနိုင်မည်။ ၂၄ နာရီအတွင်း ရွာသွန်းနိုင်မည့်မိုးရေချိန် ၆၈ မီလီမီတာ – ၂ လက်မခွဲခန့် ရှိနိုင်မည်။
💦 စက်တင်ဘာ ၂၂ ရက် နေ့လည်ပိုင်းတွင် လေပွေလှိုင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိလာပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားစဉ် တနိုင်ငံလုံးမိုးရွာသွန်းနိုင်သော်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်သာ မိုးများနေနိုင်မည်။
💦 စက်တင်ဘာ ၂၂ ရက် ည သန်းခေါင်ကျော်မှ နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမား ကိုလ်ကတ္တားမြို့တောင်ဘက်မှ ဖြတ်ကျော်ဝင်ရောက်စဉ်တွင်လည်း တနိုင်ငံလုံးနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးဆက်လက်များနေနိုင်မည်။