သတိထားရတော့မုန်တိုင်းအန္တရာယ် Soulik တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း

by

in

သတိထားရတော့မုန်တိုင်းအန္တရာယ် Soulik
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း လာအိုနိုင်ငံနှင့်
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေအားလုံးသက်ရောက်နိုင်ပါတယ်
ပိမိုတိကျသေချာစေရန်အတွက်
weather data အချက်အလက်များကိုဝယ်ယူစိစစ်တွက်ချက်ပြီး ရက်ကြိုတင်ခန့်မှန်းပေးသွားမည်ဖြစ်ပါတယ်
ISSUED TIME
16/09/2024 5:38pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

ရေကြီးသည့်ဒဏ်ခံခဲ့ရသည့် ဒေသများအတွက်၊
အပူတွေကြားထဲ စိတ်မကောင်းစရာသတင်းထပ်ပြီး
ပြောရပါမည်၊

၁- ဖိလစ်ပိုင်နိူင်ငံ အရှေ့ပိုင်းတွင်စတင်ပြီး မုန်တိုင်း
ဖြစ်ပေါ်လာနိူင်သည့် တိုင်ဖွန်းအစပျိုးနေသည့်ကိစ္စသည်
အကယ်၍သာ(အကယ်၍သာ)တိုင်ဖွန်း မုန်တိုင်းဖြစ်သွားပါက
ဗီယက်နမ်နိူင်ငံ အရှေ့ပိုင်း Vinh မြို့နားကို ရွေ့လျား(မြန်မာနိုင်ငံတောင်ငူမြို့အရှေ့တည့်တည့် ကီလိုမီတာ (၁၀၀၀) ခန့်ကို )ဝင်ရောက်လာနိူင်ပါသည်၊
(မြန်မာနိူင်ငံကို မဟုတ်ပါ)
၂- အဆိုပါ လေဖိအားနည်းသည် တိုင်ဖွန်းမုန်တိုင်းအဖြစ်
ကူးပြောင်းခဲ့ပါလျှင်(ခဲ့ပါလျှင်)ဗီယက်နမ်နိူင်ငံသို့ ၂၀/၂၁-၉-၂၀၂၄ ခန့်တွင် Cat 2 အဆင့်ဖြင့်(လေတိုက်နှုံး တစ်နာရီ ၇၀-၉၀ မိုင်ကြား )ဝင်ရောက်နိူင်ပြီး မုန်တိုင်း
အကြွင်းအကျန်တွေဟာ အနောက်နဲ့ အနောက်မြောက်ဖက်ကို ရွေ့လျားမှာဖြစ်ပါတယ်၊
၃-အကယ်၍သာ(အကယ်၍သာ)တိုင်ဖွန်းဖြစ်ပေါ်ခဲ့ပြီးနောက်
ရေငွေ့ပါလေများဟာ ခန့်မှန်းလမ်းကြောင်းအတိုင်း
မြန်မာနိူင်ငံဖက်ကို ရောက်ရှိခဲ့ရင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊
တောင်ပိုင်း၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊
မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊
ချင်းပြည်နယ် တို့မှာ နေရာအနှံအပြား မိုးရွာသွန်းပြီး
နေရာကွက်ပြီး မိုးကြီးနိူင်ပါတယ်၊
❗️သတိပြုရန် ❗️
၁-ရေဘေးအန္တရာယ်ထိခိုက်ထားသော တောင်ပေါ်မြို့များ
နှင့် မြေသားများ မရှင်းရသေးသေနေရာများတွင်
မိုးသည်းထန်ပါက မြေပြိုတာ၊ ရေဆင်းမှာ ရွံ့ရေတွေ
ထပ်ပါလာတာများ ကြုံရနိူင်ပါတယ်၊
၂-ဘင်္ဂလားပင်လယ်ဖက်က လေစီးကြောင်းနဲ့ ပင်လယ်
ပြင်အပူရှိန် သိသာစွာ ပြောင်းလဲမှုရှိရင် မျှော်မှန်းထားရမည့်
မိုးသည်းထန်မှုနှင့်အတူ မိုးရေချိန်များတဲ့ကိစ္စပါ ၊
🌦️🌧️🌦️🌧️
၁၆၊၉၊၂၀၂၄ ရက်မှာရရှိတဲ့ CLIME က ပေးတဲ့
ခန့်မှန်းချက်များအရ မိုးရွာသွန်းမှုတွေဖြစ်ပေါ်လာနိူင်ပြီး
မိုးသည်းထန်နိူင်တဲ့ ဒေသတွေကတော့ ပြီးခဲ့တဲ့ ရက်တွေက
မိုးကြီးခဲ့တဲ့ ဒေသတွေနဲ့ရေဘေးဒဏ်သင့် ဒေသတွေပဲ
ဖြစ်ပါတယ်၊
ပုံ (၃)(၄) မှာ ဖော်ပြထားပါတယ်၊
စိတ်မချမ်းသာစွာနဲ့ ခန့်မှန်းလိုက်ပါတယ် ၊

win naing