မုန်တိုင်းနောက်၁လုံးလာပြန်ပီး..

by

in

မုန်တိုင်းနောက်၁လုံးလာပြန်ပီး..
လေတိုက်နှုန်း 92 mph (148 kph) နှင့် ဖိအား 962 mbar ဖြင့် Bebinca သည် Shanghai တရုတ်နိုင်ငံ ရှန်းဟိုင်းခရိုင်ကို ယနေ့ည
16/09/2024 ရက်နေ့မနက်မှာ category 1 အဆင့်ဖြင့်ဝင်ရောက်တိုက်ခိုက်နိုင်ပါတယ်
ဘေးအန္တရာယ်ကင်းကြပါစေ
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

Verification(စိစစ်ခြင်း) လုပ်လို့ပြီးသွားပြီး၊ ရက်ကလဲ ကပ်နေတာကြောင့် တွေ့နေတာ ၂ ရက်လောက်ရှိသွားပြီဖြစ်တဲ့ တောင်တရုတ်ပင်လယ်က ထူးခြားမိုးလေဝသအခြေအနေကို တင်ပေးလိုက်ပါတယ်။
(စက်တင်ဘာ ၁၅ ရက် – ညနေ ၅ နာရီ ၁၅ မိနစ်)
====
စက်တင်ဘာ ၁၈ ရက်နေ့မှာ –
တောင်တရုတ်ပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်း မုန်တိုင်းတခုဖြစ်လာနိုင်ပြီး အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်)ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြု model အများစုက ခန့်မှန်းထားပါတယ်။
တိုင်ဖွန်းမုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်ကြောင်းနဲ့ ဗီယက်နမ်ကမ်းခြေဘက်ကိုဦးတည်ရွေ့လျားနိုင်ကြောင်း WINDY မှ ECMWF, GFS model တွေ၊ Meteoblue ရဲ့ main model NEMS တို့က ပြနေပေမဲ့ ICON model ကတော့ မြောက်ဘက်(ဟောင်ကောင်ဘက်ကို)ဦးတည်ရွေ့လျားနိုင်ကြောင်း ပြနေတာကြောင့် မုန်တိုင်းဖြစ်ပြီးတဲ့အခါ ဆက်လက်ရွေ့လျားမဲ့ဦးတည်ရာလမ်းကြောင်းက ကွဲလွဲမှုအနည်းငယ်ရှိနေပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စက်တင်ဘာ ၂၀ ရက်နောက်ပိုင်း၊ မိုးနှောင်းကာလမကုန်ဆုံးခင် တောင်တရုတ်ပင်လယ်ဘက်မှာ မုန်တိုင်းတလုံးဖြစ်လာပြီး အနောက်ဘက်ကိုရွေ့တဲ့အခါ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေကို ဖြတ်ပြီး မုန်တိုင်းအကြွင်းအကျန်တွေက စက်တင်ဘာ ၂၂-၂၃ ရက်ဝန်းကျင်မှာ မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေအထိ ရောက်လာနိုင်ကြောင်း တွေ့နေရပါတယ်။
ဒီ post က ဖြစ်လာနိုင်ချေကို ကနဦးကြိုတင်ခန့်မှန်းခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်း စ တင်ဖြစ်လာပြီးတာနဲ့ ထပ်မံအတည်ပြုခန့်မှန်းပေးပါဦးမယ်။