“ရန်ကုန်မြို့မှာ နေထိုင်ကြသူ အားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်း😍”

by

in

ရန်ကုန်ကို စိုးရိမ်နေကြသူများအတွက် –
ရန်ကုန်ကို ဘယ်မြစ် ဘယ်ချောင်းတွေက ရေလာမလဲ အရင် စဉ်းစားပါ။
အနောက်ဘက်မှာ လှိုင်မြစ်ရှိတယ် ရေတက်နေတယ်။ အလယ်ခေါင်မှာ ငမိုးရိပ်ချောင်းရှိတယ် အများကြီးမတက်သေးဘူး။ ပဲခူးမြစ်ရေနဲ့ စစ်တောင်းတူးမြောင်းက လာမဲ့ရေ ပဲခူးမြစ်ထဲရောက်မယ်။
သံလျှင်ဘက်အခြမ်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်လို နေရာတွေတော့ မြေနိမ့်ရင် ရေတက်နိုင်မယ်။
မိုးမများရင် ၁၇ ရက်နဲ့ ၂၁ ရက်အတွင်း ဒီရေတက်လဲ မှုစရာမရှိပါ။ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယနိုင်ငံကုန်းတွင်းထဲ ဝင်ပြီး မြန်မာပြည်နဲ့ ဝေးသွားတော့မဲ့ အချိန်ဖြစ်လို့ လက်ရှိဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဆိုလဲ ရွာနိုင်မဲ့ မိုးကစက်တင်ဘာ ၂၃ ရက်အထိမများနိုင်တော့ပါ။
ဒါဆိုရင် ရန်ကုန်တမြို့လုံး ရေမြုနိုင်/မမြုပ်နိုင် ဆင်ခြင်တုံတရာလေးသွင်းပြီး စဉ်းစားကြည့်လို့ ရပါပြီ။
ကြောက်လန့်ပြီး နေရာရွှေ့တာအလောတကြီးလုပ်ရင် အရင်ဆုံး စားရိတ်ကုန်မယ်၊ ပြီးရင်နောက်က အိမ်ဖေါက်မဲ့တောကြောင်တွေက စောင့်နေလိမ့်မယ်။

အိပ်နေရင်းစဉ်းစားမိတာလေးတခုပေါ်လာလို့ တရေးနိုးထရေးလိုက်ပါတယ်ဗျာ ..
တခြားတော့မဟုတ်ပါဘူး မိုးကုန်တော့မဲ့အနေအထားမျိုးပြောနေကြတာတွေ့လို့ပါ။ စက်တင်ဘာလ ၁ ရက်နေ့က စ တဲ့ မိုးနှောင်းကာလက အောက်တိုဘာ ၁၀ ရက်နေ့မှာကုန်ဆုံးပြီး မိုးလွန်ကာလထဲကိုရောက်ပါမယ်။
အနောက်တောင်မုတ်သုံလေက ပုံမှန်ဆုတ်ခွာရက် အောက်တိုဘာ ၁၅ ရက်ဖြစ်ပါတယ်။ အတိုးအလျှော့ ၂ ရက်ခန့် ရှိတတ်ပါတယ်။ မုတ်သုံဆုတ်တာ စောမလားနောက်ကျမလားပေါ့၊ စောလဲ နည်းနည်း၊ နောက်ကျလဲ နည်းနည်းပါဘဲ။
မြန်မာ့ပြက္ခဒိန်အလိုအရဆိုရင်လဲ “သီတင်းကျွတ်တာတောင် မိုးက မရပ်သေးဘူး” ဆိုတဲ့ အဆိုစကားတွေ ကြားဖူးခဲ့ပါတယ်။
မိုးလေဝသပညာရှင်ဆရာကြီး ဒေါက်တာဦးထွန်းလွင် သင်ပြခဲ့တာကိုလဲ ကျနော်က ဒီလို မှတ်ထားပါတယ် ….
၁။ မိုးရာသီအစ မုတ်သုံဝင်စအချိန်မှာ မိုးများတတ်တယ်(နိုင်ငံအနှံ့ မိုးရွာပြီးနေရာကွက် မိုးများတတ်တယ်)
၂။ မိုးရာသီအဆုံး မုတ်သုံဆုတ်ခွာချိန်မှာ မိုးများတတ်တယ်(နိုင်ငံအနှံ့ မိုးရွာပြီးနေရာကွက် မိုးများတတ်တယ်)
၃။ မြန်မာပြည်အနောက်ဘက်က ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဆိုတာတွေဖြစ်ရင် မိုးများတတ်တယ်(မြန်မာပြည်တောင်ပိုင်းနဲ့အထက်ပိုင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ မိုးများတတ်တယ်)
၄။ မြန်မာပြည်အရှေ့ဘက်က တောင်တရုတ်ပင်လယ်ထဲမှာ မုန်တိုင်းတွေ ဖြစ်ရင် အရှေ့လေပွေလှိုင်းတွေကြောင့် မိုးများတတ်တယ်(အလယ်ပိုင်းဒေသတွေမှာ မိုးပိုလာတတ်တယ်)
မုန်တိုင်းအကြွင်းတွေဖြတ်သန်းပြီး စံချိန်တင်မိုးများခဲ့တာကြောင့် အခုစာရေးချိန်အထိ အလယ်ပိုင်းဒေသအချို့၊ ပဲခူးရိုးမ အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ မကြုံစဘူးထူးခြားတဲ့ ရေကြီးရေလွှမ်းတာတွေ ကြုံကြိုက်နေရဆဲပါ။
ကျနော်ပြောနေကျစကားပြန်ပြောရပါဦးမယ် –
“ရေနဲ့ပါတ်သက်တဲ့ သဘာဝဘေးဟာ ကြောက်စရာကောင်းပါတယ်၊ ကာလကြာရှည်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးပါလာတတ်ပါတယ်”
ဒါကြောင့် မိုးဦးကာလ၊ မိုးလယ်ကာလနဲ့ မိုး‌နှောင်းကာလ ၃ ခုကို ကျော်ဖြတ်ပြီး မိုးလွန်ကာလထဲ ရောက်သည်အထိ မပေါ့ဆကြပါနဲ့။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်က မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာမဟုတ်ပဲ အနောက်ဘက်ကို နောက် ၄၈ နာရီအတွင်းမှာ ဆက်ရွေ့သွားပါမယ်။
သူ့အရှိန်ကြောင့် မိုးတွေ ဘယ်လိုရွာမလဲဆိုတာ ဒုတိယပုံမှာ တွေ့ရပါမယ်။
ပုံမှာတွ့တဲ့အတိုင်း … ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုးတွေများပြီး နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတော့ မိုးဖွဲလောက်သာရွာနိုင်ပါမယ်။ ၄၈ နာရီအတွင်းရွာသွန်းနိုင်မဲ့ မိုးရေချိန်တွေ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
အထက်ဘက်ဧရာဝတီမြစ်ရေအောက်ကို ဘယ်လောက်ဆင်းလာမလဲ မသိသေးပါ။ လတ်တလော အောက်ဘက်က ဧရာဝတီမြစ်ရေကတော့ NORMAL Level ပါဘဲ။ မိုးကလဲ လျော့သွားတော့မှာဖြစ်ပြီး တောင်တရုတ်ပင်လယ်ဘက်မှာလဲ “ယာဂိ” လို မြန်မာပြည်ကိုဒုက္ခပေးမဲ့ မုန်တိုင်းကြီးတွေ ဖြစ်ရန်မရှိပါ။
မိုးနှောင်းကာလကုန်ဆုံးချိန် အောက်တိုဘာ ၁၀ ရက်၊ မုတ်သုံလေဆုတ်ခွာနိုင်မဲ့အချိန် – အောက်တိုဘာ ၁၅ ရက်ဝန်းကျင်အထိတော့ မိုးနှောင်းရာသီမိုးက ဆက်ရွာနေနိုင်ပါဦးမယ် မိုးများနိုင်မဲ့ အလားအလာတော့ မမြင်သေးပါဗျာ။
ဒါကြောင့် ဧရာဝတီတိုင်းအတွင်းက မြစ်တွေချောင်းတွေ ၁၇ ရက် မှ ၁၉ ရက်အတွင်း ရေထရက်ကို သတိထားကြဘို့ကလွဲရင် မြစ်ရေကြီးနိုင်တဲ့အန္တရာယ်ကိုလဲ မတွေ့သေးပါ။