မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ် ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ

by

in

မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ်
ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို
ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ
ကိုထူး/MFP၊စက်တင်ဘာ-၁၃

မန္တလေးတိုင်း၊ မြစ်သားမြို့နယ် ကင်းတားဆည်‌က ဒေသခံတွေကို ကြိုတင်အသိမပေးဘဲ ရေထုတ်လွှတ်ခဲ့တာ ကြောင့် မြစ်သားတစ်မြို့နယ်လုံး ရေနစ် မြုပ်ပြီး ကယ်ဆယ်ရေးမရှိဘဲ ရေဘေးကြုံနေရတာ ၃ ရက်နီးပါးရှိပြီ လို့ ဒေ သခံတစ်ဦးက စက်တင်ဘာလ ၁၃ ရက် ဒီကနေ့ မှာ MFP ကိုပြောပါတယ်။
မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတားဆည်ရဲ့ ရေပြည့်မှတ်ရောက်ဖို့ နှစ်ပေခန့် အလိုမှာ ဒေသခံပြည်သူတွေကို ကြိုတင်အသိမပေးဘဲ ဆည်ရေလွှဲပေါက်လေးခုစလုံးကနေ ရေထုတ်လွှတ် ခဲ့တဲ့ အတွက် မြို့နယ်တစ်ခုလုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ဒီကနေ့ထိ ကယ်ဆယ်ရေးမရှိဘဲ အခက်ကြုံနေရတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
“(ကြိုတင်အသိပေးခဲ့တာ) အဲလိုကတော့ မရှိဘူးရှင့်။ လိုင်းပေါ်မှာတော့ တင်တင်ပြောတယ်။ လူတိုင်း က ဖုန်းမ ကိုင်နိုင်ဘူးလေ။ ကိုယ်ကတော့ တစ်သက်လုံး ဒီမှာနေလာတာဆိုတော့ ရေက အခုလိုမျိုးမကြုံဖူးဘူးလေ။ ဝိုင်းစပ် လေးတွေပဲ ပြတ်ပြတ်သွားတာဆိုတော့ အဲဒါကြောင့် (ရေမြုပ်မယ်) မထင်ဘူးပေါ့။ ရွှေ့ကြပါလို့ တရားဝင်မိုက်နဲ့ အော်တာ ဘာညာတော့ အဲလိုက မရှိပါဘူးရှင့်။ ရေတတ်လာမှ တတ်လာတယ်သိရ‌တာ” မြစ်သားမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကင်းတားဆည် ရေလွှဲပေါက်ကနေ စက်တင်ဘာလ ၁၁ ရက်မှာ ရေထုတ်လွှတ်ခဲ့တာဖြစ်ပြီး အဲဒီလို ရေထုတ်လွှတ် မယ့်အကြောင်းနဲ့ ရေကြီးနစ်မြုပ်နိုင်ခြေအတွက် ဒေသခံတွေ ဘေးလွှတ်ရာ ‌ရွှေ့ပြောင်းထားဖို့အကြောင်းကို ကြို တင်အသိပေးခဲ့တာမရှိဘူးလို့ မြစ်သားမြို့ ဒေသခံတွေကဆိုပါတယ်။
“အိမ်ထဲပိတ်မိ‌တာက နှစ်ရက်ပြောပါတော့။ နှစ်ရက် တစ်ညပေါ့။ မနေ့ကတော့( ရေ) ပို တတ်လာတာပေါ့။ မနေ့ က မနက်ခင်းက တတ်လိုက်တော့ အရှေ့ဘက်က အနိမ့်ပိုင်းဆိုတော့ ဝိုင်းသလိုဖြစ်သွားတာပေါ့။ တစ်ရက်တစ်ည ကတော့ လုံးလုံးထွက်မရတာပေါ့။ မြင့်တဲ့နေရာတွေကတော့ အိမ်အထပ် တက်ပေါ့ဗျာ။ နိမ့်တဲ့နေရာတွေကတော့ အိမ် ခေါင်မိုးပေါ်နေရာတာများတယ်။ ကယ်ဆယ်ရေတွေလည်း လာမယ် လာမယ်နဲ့ ရောက်မလာသေးဘူး” လို့ မြစ် သားမြို့နယ် ပုဏ္ဏားကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။
ကင်းတားဆည်က ရေထုတ်လွှတ်ခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကနေ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်ထိ ကယ် ဆယ်ရေးမရှိဘဲ ရေဘေးဒုက္ခနဲ့ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ကျွဲ၊ နွား ၊ တိရစ္ဆာန်တွေသေဆုံးတာရှိပေမဲ့ လူအသေအပျောက်တော့ မရှိသေးဘူးလို့ ဆို ပါတယ်။
“ကျွန်တော်တို့အတွက်ကတော့ ပြင်ဆင်ထားတာဆိုတော့ ကိုယ့်မိသားစုအတွက်က (စားဝတ်နေရေး) ရတယ်။ နီး တဲ့သူတွေအတွက်လည်း လှေမရှိတော့ လာယူရင် ယူလှည့်ပေါ့ ။ ပိုချက်ထားတယ်။ စားရေသောက်ရေးက ကျွန် တော်တို့ အရှေ့ဘက်က ရွာတွေ ပို့ဖို့ရာ လှေတို့ဘာတို့က အဆင်မပြေဘူးလေ။ လှေကလည်း အကုန်လုံးက သုံးစီး ရှိတာဆိုတော့” လို့ ပုဏ္ဏားကျေးရွာ ဒေသခံက ပြောပါတတယ်။
ကင်းတားဆည် ရေထုတ်လွှတ်မှုကြောင့် မြစ်သားမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ဒါးရဲကောင်း၊ ပေါက်မြိုင်၊ မှိုင်း ဟင်၊ ပုဏ္ဏား၊ ရန်အေး၊ ရွာမုန်းကြီး၊ လောင်းတော်ဦး စတဲ့ ကျေးရွာတွေအပါအဝင် မြို့နယ်တစ်ခုလုံး ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာ‌တွေမှာ အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် ဒေသခံပြည်သူတွေဟာ နေအိမ်ခေါင်းမိုးတွေနဲ့ သစ်ပင်အမြင့်တွေပေါ်မှာ ဘေးလွတ် အောင် နေထိုင်နေကြရပြီး လက်ရှိမှာ ရေအနည်းငယ် ပြန်ကျသွားပေမဲ့ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေဆဲဖြစ် တယ်လို့ မြစ်သားမြို့ ‌ဒါးရဲကောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်ခေါ်မိုးတွေပေါ်နဲ့ သစ်ပင်ပေါ်တွေမှာ နေရတဲ့သူတွေရှိသလို ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားပေါ်တွေမှာ နေ နေရတဲ့သူတွေက စားနပ်ရိက္ခာနဲ့ကူညီကယ်ဆယ်ရေးတွေ အရေးပေါ်လိုအပ်နေတယ်” လို့ ဒါးရဲကောင်း ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်း မြစ်သားမြို့ အရှေ့တောင်ဘက်မှာရှိတဲ့ ကင်းတားဆည်ဟာ ၂၀၀၆ ခုနှစ်ကလည်း ဆည်ရေလျှံပြီး ထိန်းမနိုင်တော့ဘဲ ရေလွှဲပေါက်ကနေ ရေထုတ်လွှတ်ခဲ့တဲ့အတွက် မြစ်သားတစ်မြို့လုံး ရေကြီးနစ်မြုပ်ခဲ့ကာ အဲဒီ အချိန်တုန်းကလည်း အခုလိုပဲ ကြိုတင်သတိပေးခဲ့တာမရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Yagi (ယာဂီ) ရဲ့ အရှိန်ကြောင့် ရှမ်းပြည် တောင်ပိုင်းနဲ့အရှေ့ပိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့ရွာတွေမှာပါ မိုးရွာရေကြီးတာ တွေဖြစ် ပေါ်နေပြီး မြစ်သားမြိုနယ်အတွင်း အခုတစ်ခါ ရေကြီးရေလျံတာဟာ နှစ်ပေါင်း ၂၅ ခန့်အတွင်း အဆိုးရွားဆုံး ဖြစ် တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၀၆ ခုနှစ် ကင်းတားဆည် ရေထုတ်လွှတ်ခဲ့ချိန်က မြစ်သားမြို့လယ်လမ်းမပေါ် ရေအမြင့် ‌ခြောက်ပေကျော်ထိ ရောက် ရှိခဲ့ပြီး အခုတစ်ခါမှာတော့ ရေအမြင့် ၁၁ ပေခန့်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒီရေက အများဆုံးက မြန်မာလို ၁၃၆၁ က တတ်တာက လေးပေလောက်ပဲ တတ်တာ‌ပေါ့နော်။ အခုရေက ခြောက် ပေလောက်ပိုတာပေါ့၊ ၁၀ ပေ ၁၁ ပေလောက်ထိ ခုကရောက်တယ်။ နိမ့်တဲ့အပိုင်းဆို မကဘူး” လို့ ဒေသခံတစ်ဦး က ဆိုပါတယ်။
ကင်းတားဆည် ရေထုတ်လွှတ်တဲ့အတွက် မြစ်သားတစ်မြို့လုံး ရေနစ်မြုပ်နေတာကို တွေ့ရစဉ်/ ဓာတ်ပုံ လူမှုကွန်ယက်
#Mandalay_Free_Press_MFP