တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ

by

in

တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၃

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ် သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဖောင်တော်ဦးကျောင်းဆရာတော်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ မိန့်ကြားသည်။
စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ ဖောင်း တောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး နေအိမ် ၁၀ လုံး၊ ၅ နွားကောင်ရေထဲမျောပါသွားကာ တိုက်အိမ်အချို့နှင့်မြေစိုက်အိမ်အချို့အတွင်းထဲ၌ ရေနွံများ ၃ ပေကျော်နစ်မြုပ်ကျန်ခဲ့ကာ ကျေးရွာ နေပြည်သူ ၁၀၀ ကျော်မှာ ဖောင်တော်ဦးဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေထိုင်ကြရကြောင်း သိရသည်။
“အရေးပေါ်အကူအညီကတော့ ဘယ်ကမှ မလာဘူး၊ အခြားဆီမှာရှောင်နေရတာတော့မရှိဘူး။ အိမ် ကို ပြန်သွားနေကြည့်ကြသူတွေရှိတယ်၊ ရေလာတယ်ဆိုရင်တော့ ကျောင်းပြေးလာကြတာပေါ့၊ အိမ် မှာသာနေနေကြတာ၊ စားစရာထင်းလည်းမရှိဘူး။ မီးလည်းမရဘူးဆိုတော့ အခက်အခဲတွေကြီးပဲပေါ့။ ကူညီရေး အဖွဲ့အစည်းတွေလာဖို့ကလည်း မကျည်းပင်နားမှာ ရေတွေက များနေတော့ ကားနဲ့လာမရ၊ လှေနဲ့လည်းလာမရဖြစ်နေတာ။ လူတွေပါသွားတာ ဒီမှာက မရှိဘူး” ဟု ဖောင်တော်ဦးကျောင်း ဆရာ တော်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ မိန့်ကြားသည်။
ဖောင်းတောကျေးရွာသည် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး ဘုန်းကြီးကျောင်း အုတ်တံတိုင်းများ၊ အိမ်ခြံဝင်း စည်းရိုးတိုင်များ၊ ဓာတ်တိုင်များ၊ ကျေးရွာတံတားထိပ် ချဉ်းကပ်လမ်းနှင့်မြေစိုက်အိမ်များမှာ ပုံလဲ ပျက်စီးသည့်အပြင် စပါးခင်းများ၊ သီးနှံခင်းများလည်း ပျက်စီးခဲ့ကြောင်း၊ ယခုအခါရေကျသွားပြီဖြစ် ပြီး ကျေးရွာအတွင်း ရေစီးမြောင်းများ၊ နွံပြင်အိုင်များ ကျန်နေရစ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ညောင်ပင်သာရွာ၊ မကျည်းပင်ရွာ၊ သစ်ဆိပ်ပင်ရွာ၊ တောင် ပို့ စာရွာ စသည်တို့မှ ရေထဲမျောပါသေဆုံး သူ ၂ ဦးတွေ့ရှိပြီး အသက်ရှင်လျက်ကယ်ဆယ် လိုက်ရ သူများလည်းရှိကြောင်း သိရသည်။