ပွင့်ဖြူမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ပျူစောထီး ခေါင်းဆောင် လှမင်းနိုင် ပိုင်သည့် ဇိမ် KTV ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

by

in

ပွင့်ဖြူမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ပျူစောထီး ခေါင်းဆောင် လှမင်းနိုင် ပိုင်သည့် ဇိမ် KTV ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၉
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ပျူစောထီး ခေါင်းဆောင် လှမင်းနိုင် ပိုင်သည့် ဇိမ် KTV ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော ပျူစောထီး ခေါင်းဆောင် လှမင်းနိုင် ပိုင်ဆိုင်သော ရွာခိုင်ရွာရှိ ဇိမ် KTV ကို ဒေါင်းစစ်အောင် (LPDF) အဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျူစောထီး ခေါင်းဆောင် လှမင်းနိုင် က ပျူစောထီးတွေ စုဆောင်းပေးတာ လုပ်ဆောင်နေတဲ့ အတွက် သတိပေး တိုက်ခိုက်ခဲ့တာပါ” ဟု ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်းတိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ ရွာခိုင်ရွာ ပျူစောထီး ခေါင်းဆောင် လှမင်းနိုင် အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းကို ရပ်တန့်ပြီး ပြည်သူများနှင့် အတူ ပူးပေါင်းရန် ထပ်မံ သတိပေးအပ်ကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်း၍ ပျူစောထီးများ စုဆောင်းပေး နေသော ပျူစောထီး ခေါင်းဆောင်များ ၊ ကျေးရွာအုပ်ချူပ်ရေးမှူးများကိုလည်း မိမိတို့၏ လုပ်ရပ်များ ရပ်တန့် ကြပါရန် ဒေါင်းစစ်အောင် ( LPDF )အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။