လူထုယုံကြည်မှု အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရပ်တည်
15 July 2025 By Ra Wai / MPA
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် လူထုယုံကြည်မှု အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် ဆက် လက်ရပ်တည်နေကြောင်း Blue Shirt အဖွဲ့၏ စစ်တမ်းက ဖော်ပြသည်။
Blue Shirt Initiative သုတေသနအဖွဲ့သည် ယခုနှစ်မတ်လ၂၁ရက်မှ ၂၅ရက်အထိ “မြန်မာ့နွေဦးတော်လှန်ရေးလေးနှစ်တာကာလ။ ပစ္စုပ္ပန် နှင့် အနာဂတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင်” ဆိုသည့်ခေါင်းစဉ်ဖြင့် စစ်တမ်းကောက်ခဲ့ရာ ဒေါ် အောင်ဆန်းစုကြည်ကို ယုံကြည်မှုအပြည့်အဝရှိသူ ၄၈ရာခိုင်နှုန်း၊အတိုင်းအတာတစ်ခုထိ ယုံကြည်သူ ၃၂ရာခိုင်နှုန်း၊ယုံကြည်မှုသိပ်မရှိသူ ၇ရာခိုင်နှုန်းနှင့် လုံးဝယုံကြည်မှုမရှိသူ ၃ရာခိုင်နှုန်း ရှိကြောင်း သိရ သည်။
“စစ်ကောင်စီက ဒေါ်အောင်ဆန်စုကြည်ကို ပြည်သူနဲ့ အဆက်ဖြတ်ထားတာ၄နှစ်ကျော်ပြီဆိုပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ အကြီးမားဆုံး တည်ရှိနေတာ ဒီစစ်တမ်း က ဖော်ပြနေပါတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ယင်းစစ်တမ်းတွင် မင်းအောင်လှိုင်အပေါ် လုံးဝယုံကြည်မှုမရှိသူ ၇၅ရာခိုင်နှုန်း၊ယုံကြည်မှုသိပ်မရှိသူ ၉ ရာခိုင်နှုန်း၊အတိုင်းအတာတစ်ခုထိ ယုံကြည်သူ ၃ရာခိုင်နှုန်းနှင့် ယုံကြည်မှုအပြည့်အဝရှိသူ ၁ရာခိုင် နှုန်းရှိကြောင်း ဖော်ပြသည်။
NUGယာယီသမ္မတ ဒူဝါလရှီးလ ကိုမူ ယုံကြည်မှုအပြည့်အဝရှိသူ ရာခိုင်နှုန်း၂၀၊ အတိုင်းအတာတစ်ခု ထိ ယုံကြည်သူ ၄၃ရာခိုင်နှုန်း၊ ယုံကြည်မှုသိပ်မရှိသူ ၁၃ရာခိုင်နှုန်းနှင့် လုံးဝယုံကြည်မှုမရှိသူ ၄ရာခိုင် နှုန်းရှိကြောင်း စစ်တမ်းက ဆိုသည်။
ယင်းစစ်တမ်းကို မြို့နယ်၂၃၇ခုရှိ မြန်မာနိုင်ငံသား ၂၈၀၈ဦးထံ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၂၈၀၈ဦး အနက် ၁၈၃၁ဦးမှာ အသက်၁၈နှစ်နှင့် ၃၅နှစ်ကြား လူငယ်များဖြစ်ကြောင်း သိရသည်။
Blue Shirt Initiative အဖွဲ့သည် အချက်အလက်သုတေသနအဖွဲ့ဖြစ်ပြီး နိုင်ငံရေးအနေနှင့် လွတ် လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့ဖြစ်သည်။
စာတည်း-ML
#ဒေါ်အောင်ဆန်းစုကြည် #လူထုယုံကြည်မှုအမြင့်ဆုံးပုဂ္ဂိုလ် #MPA #Ra_Wai