တောင်ဒဂုံ၊ အမှတ် ၇၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် ပျူစောထီး များကို မိုင်းခွဲ ပစ်ခတ်မှု ၃ ဦး ဒဏ်ရာရရှိပြီး ဆိုင်ကယ် ၂ စီးမီးလောင်ပျက်စီးဟုဆို

တောင်ဒဂုံ၊ အမှတ် ၇၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် ပျူစောထီး များကို မိုင်းခွဲ ပစ်ခတ်မှု ၃ ဦး ဒဏ်ရာရရှိပြီး ဆိုင်ကယ် ၂ စီးမီးလောင်ပျက်စီးဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၇၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဆိုင်ကယ်များဖြင့် ထွက်လာ သည့် ပျူစောထီးများကို မိုင်းခွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း မြို့ပြကြွက် ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်အချိန် တောင်ဒဂုံမြို့နယ်၊ အမှတ် ၇၁ ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် လက်ပါးစေပျူများသည် ရပ်ကွက်ရုံးအတွင်းမှ ဆိုင်ကယ် ၅ စီးဖြင့်ထွက်လာစဉ်မြို့ပြကြွက်ကွန်ရက်အတွင်းရှိ UG ရဲဘော်များက လက်လုပ် အဝေးထိန် မိုင်း ၂ လုံး၊ လက်ပစ် ဗုံး ၂ လုံးတို့ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ် ၅ စီးနဲ့ ပျူ ၁၀ ယောက် ၇၁ ရပ်ကွက်ရုံးထဲက ထွက်အလာကို အဝေးထိန်း မိုင်း ၂ လုံး၊ လက် ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ဆိုင်ကယ်တွေ လွင့်ထွက်ပြီး မီးလောင်သွားတယ်၊ ဆိုင်ကယ် ၂ စီး မီး လောင်တယ်၊ ပျူ ၃ ယောက်အပြင်းအထန် ဒဏ်ရာရတယ်၊ သေဖို့များတယ်။ မြောက်ဥက္ကလာ ပ ဆေးရုံ မှာ အရေးပေါ်ဆေးကုသနေပါတယ်” ဟု မြို့ပြကြွက် ကွန်ရက်မှ တာဝန်ရှိသူက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို အထမြောက်စေရန်နှင့် အများပြည်သူကို မတရား စစ်သားစုဆောင်း၍ ရှေ့တန်းတွင် လူသားတံတိုင်းအဖြစ် အာဏာတည်မြဲရေး ခုတုံးလုပ် အသုံး ချနေမှုများကို မြို့ပြကြွက် UG Network က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို မပူးပေါင်းဖို့နဲ့ ရွေးကောက်ပွဲ ကို ဖြစ်အောင် အားထုတ်နေတဲ့သူတွေ အနီးမှာ မနေကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု မြို့ပြကြွက် ကွန်ရက်မှ တာဝန်ရှိသူက ပြောဆိုသည်။
စစ်ကောင်စီ၏ အာဏာတည်မြဲရေးအတွက် ပြည်သူကိုနည်းလမ်းအစုံဖြင့် ဖိနှိပ်ညှင်းပန်း နေသည့် စစ်ကောင်စီ၏ ဒေါက်တိုင်များ အားလုံးကိုလည်း မြို့ပြကြွက် ၏ ရန်သူအဖြစ် သတ်မှတ်၍ အချိန်မရွေး တိုက် ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းလျက် ရှိသော ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ပျူ စောထီးများ၊ စစ်ကောင်စီအတွက် အလုပ်လုပ်နေသူများ၊ ထောက်တိုင်များ အားလုံးအနေဖြင့် အမြန် ဆုံး နှုတ်ထွက် ကြရန်နှင့် စစ်ကောင်စီကို ငွေကြေးအားဖြင့် လည်းကောင်း ထောက်ပံခြင်း မပြု လုပ်ကြရန် မြို့ပြကြွက် သတိပေးထားသည်။
ဓာတ်ပုံ- ရန်ကုန်မြို့၊ ရပ်ကွက်များတွင် လုံခြုံရေးယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)