တော်လှန်ရေးအဖွဲ့တွေထဲ စိမ့်ဝင်လာတဲ့ စစ်ကောင်စီ သူလျှိုကွန်ရက်(ရုပ်/သံ)

by

in

တော်လှန်ရေးအဖွဲ့တွေထဲ စိမ့်ဝင်လာတဲ့ စစ်ကောင်စီ သူလျှိုကွန်ရက်(ရုပ်/သံ)
ဧရာဝတီ၊ ဇွန် ၂၊ ၂၀၂၅

စစ်ကောင်စီဟာ တပ်တွင်းမှာ စနစ်တကျ လေ့ကျင့် သင်တန်းပေးထားတဲ့ သတင်းပေး၊ သူလျှိုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း စေလွှတ် ထောက်လှမ်းမှုတွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က ထုတ်ဖော်အသိပေးလိုက်ပါတယ်။
ဒီသတင်းပေး၊ သူလျှိူတွေဟာ တော်လှန်ရေးတပ်တွေရှိရာ တပ်ဖွဲ့၊ တပ်ရင်းတွေဆီကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာကြပြီး စစ်ဆေးတွေ့ရှိချက်အရ အများစုဟာ အသက် ၂၀ ဝန်းကျင် အမျိုးသား၊ အမျိူးသမီးတွေ ဖြစ်တယ်လို့ မတ်လ ၂၇ ရက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီသတင်းပေးတွေဟာ သတင်းအချက်အလက်တွေကို ပုံစံအမျိုးမျိုးနဲ့ ရယူ စုဆောင်းပြီးနောက်မှာ တပ်ပြေးအဖြစ် နဲ့ တပ်ဖွဲ့ကို စွန့်ခွာသွားကြတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးမှာ အဆိုးရွားဆုံး ရှုံးနိမ့်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေကို စစ်ရေးနည်းနဲ့ သာမကဘဲ စနစ်တကျလေ့ကျင့် သင်ကြားပေးထားတဲ့ ဒီသတင်းပေး၊ သူလျှိုတွေနဲ့ ဖြိုဖျက်ဖို့ ပိုမို အသုံးပြုလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #MDYPDF #သူလျှို #သတင်းပေး #တပ်ပြေး #စစ်ကောင်စီ