ရုရှား၏ ဗုံးကျဲ လေယာဉ်များ အပါအဝင် လေယာဉ် အစင်း ၄၀ ကျော်ကို ယူကရိန်းက ဒရုန်းစစ်ဆင်ရေးဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီး

by

in

ရုရှား၏ ဗုံးကျဲ လေယာဉ်များ အပါအဝင် လေယာဉ် အစင်း ၄၀ ကျော်ကို ယူကရိန်းက ဒရုန်းစစ်ဆင်ရေးဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၂

ယူကရိန်းက ရုရှား၏ ဗုံးကျဲ လေယာဉ်များ အပါအဝင် လေယာဉ် အစင်း ၄၀ ကျော်ကို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း နိုင်ငံတကာသတင်းများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဇွန်လ ၁ ရက်နေ့ ယူကရိန်းက ရုရှားနိုင်ငံရှိ လေတပ်နှင့်လေဆိပ်များအနီးသို့ ကြိုတင်စေလွှတ်ထားသော ထရပ်ကားများပေါ်မှ ဒရုန်းအစင်းရာချီဖြင့် ရုရှားလေတပ် ၄ ခုထက်မနည်းကို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရုရှား၏ ဗုံးကျဲလေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖိုး ပျက်စီးသွားခဲ့ကြောင်း သတင်းများက ဆိုသည်။
အဆိုပါ ဒရုန်းဖြင့် တိုက်ခိုက်မည့် စစ်ဆင်ရေးကို ပင့်ကူအိမ် စစ်ဆင်ရေးဟုအမည်ပေးထားပြီး စျေးပေါသည့် FPV ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဒရုန်းစစ်ဆင်ရေး ဆောင်ရွက်ရန် အချိန် ၁၈ လကြာ စောင့်ဆိုင်း ပြင်ဆင်ခဲ့ရကြောင်း သိရှိရသည်။
ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဗုံးကျဲလေယာဉ်များတွင် Tu-95 ဗုံးကျဲလေယာဉ် ၃ စင်းနှင့် Tu-95 ၁ စီးတို့ ပါဝင်ပြီး Tu-22M3 လေယာဉ်တချို့လည်းပါဝင်ကြောင်း သိရှိရသည်။