ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေပြီး မြေတူးစက်များဖြင့် အစုလိုက်အပြုံလိုက် မြေမြုပ်၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူး၁ ဦး ထပ်မံသေဆုံး၍ တိုးတိုးတိတ်တိတ်သင်္ဂြိုဟ်
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေ၍ မြေတူးစက်များဖြင့် မြေကျင်းတူးပြီး အုပ်စုလိုက်မြေမြုပ်သင်္ဂြိုဟ်နေရကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ သေဆုံးအလောင်းများကို ရာထူးကြီး၊ ရာထူးငယ်ခွဲ၍ တပ်ကြပ်အဆင့်မှအောက်အဆင့်သေဆုံးသူများကို အစုလိုက်အပြုံလိုက် မြေမြုပ်သင်္ဂြိုဟ်ကာ ပစ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်း မြစ် Little Rabbit ထံမှ သိရသည်။
ယမန်နေ့ မေ ၃၁ ရက်နေ့ကလည်း ကျောက်ဖြူတိုက်ပွဲအတွင်းသို့ စစ်ကူပို့လိုက်သည့် ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။
“ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေထိ နောက်တန်းကို အလောင်းတွေပြန်သယ်နေရတော့ မျက်မြင်ကိုယ် တွေ့မို့ ဝါဒဖြန့်ထားလည်း စစ်တပ်မိသားစုတွေ စိတ် ဓာတ်ကျနေကြတယ်။ ရှေ့တန်းလွှတ်သမျှ သေတာနဲ့ ဒဏ်ရာရလို့ နောက်တန်းပြန်လာရတာတွေများနေတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတပ်ရင်းမှူး၏ အလောင်းကို စစ်ကောင်စီက ပြန်လည်သယ်ဆောင်သွားပြီး ကျောက်ဖြူမြို့ မြို့မသုဿာန်တွင် တိတ်တဆိတ်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရ သည်။
ကျောက်ဖြူမြို့ပေါ်အထိ ဗိုလ်မှူးအဆင့်၊ တပ်ရင်းမှူးအဆင့်၊ ဗျူဟာမှူးအဆင့်များ သေဆုံးသည့်သတင်း ရောက်ရှိလာသည့်အတွက် အုပ်ချုပ်ရေးပိုင်းမှ စိုးရိမ်ပူပန်နေကြပြီး AA သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ထားပြီးဖြစ် သည်ဟု သတင်းလွှင့်နေရကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က တရုတ်သဘာဝ ဓာတ် ငွေ့ ဓာတ်အားပေးစက်ရုံအနီး စစ်ကောင်စီ၏ ကာကင်းစခန်းကို AA က ဒရုန်းဖြင့်တိုက်ခိုက်ရာ ဒုတပ် ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
#ရခိုင် #ကျောက်ဖြူ #စစ်ကောင်စီ #သေဆုံးမှုများ #မြေတူးစက်ဖြင့် #အစုလိုက်အပြုံလိုက် #မြေမြုပ် #တပ်ရင်းမှူး #ထပ်မံသေဆုံး #Ayeyarwaddy_Times