မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦးအရှင်ဖမ်းမိ…
ဇွန် ၁၊ ၂၀၂၅
နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
မေလ တတိယပတ်အတွင်း ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အလင်းဝင်လာသူ ၂၅ ယောက် ရှိပြီး ရှမ်းပြည်နယ်မှာ ၁၇ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၂ ယောက်၊ တနင်္သာရီတိုင်းမှာ ၃ ယောက်၊ ချင်းပြည်နယ်မှာ စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် ဖြစ်ပြီး အဲ့ဒီအထဲက ၆ ယောက်ဟာ အဓမ္မစစ်မှုထမ်းဆင်း စစ်သားသစ် (ပစ) တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၉ ယောက် ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်မှာ ၃ ယောက်၊ ချင်းပြည်နယ်မှာ ၁ ယောက်နဲ့ တနင်္သာရီတိုင်းမှာ အဓမ္မစစ်မှုထမ်းဆင်း စစ်သား ၅ ယောက်တို့ကို ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မေလ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းမိတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၁၁၆ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က အသိပေးထုတ်ပြန်ထားပါတယ်။