ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ​ခေါင်း​ဆောင်တဦးဖြစ်တဲ့ ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ဈာပနပြုလုပ်

by

in

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ​ခေါင်း​ဆောင်တဦးဖြစ်တဲ့ ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ဈာပနပြုလုပ်
မေ-၃၁၊ ၂၀၂၅။ရှိန်း/ People’s Spring

မန္တလေးမြို့ မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးကူးပြောင်းခဲ့သူ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူးခွန်စိုင်း(ခ)ဗိုလ်ဒေါင်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မေလ ၂၈ရက်က စစ်ကောင်စီကို ရင်ဆိုင်တိုက်
ခိုက်ရင်း တိုက်ပွဲတွင်း ရှေ့တန်းတနေရာမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။ ရဲဘော်ခွန်စိုင်းဟာ ရတနာ
ပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။
“မန္တလေးမြို့ပေါ် ပျောက်ကြားသပိတ်တွေမှာ ဦး ဆောင်ပါခဲ့တယ်။ လက်နက်ကိုင် တော်လှန်ရေးကို ပြောင်းတဲ့အချိန်မှာလည်း သူကအစောဆုံးလို့တောင် ပြောလို့ရတယ်။ ၂၀၂၁ ဧပြီလလောက်မှာ သင်တန်းတက်ပြီးနေပြီ။ ၂၀၂၂လောက်အထိ မြို့ပေါ်မှာ UGလုပ်ခဲ့တယ်။ တော်လှန်ရေးသိက္ခာက အသက်ထက် အရေးကြီးတယ်လို့ ပြောပြီး သူနောက်ဆုံးအထိ သက်သေပြသွားခဲ့တယ်”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
တပ်မှူးခွန်စိုင်း ကျဆုံးချိန်မှာ အသက်၂၂နှစ်သာရှိ​သေးတယ်လို့သိရပါတယ်။ သူကျဆုံးခဲ့တဲ့ တိုက်ပွဲအကြောင်းကိုတော့ လတ်တလော အခြေအနေရ ထုတ်ပြန်လို့ မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
တပ်မှူးခွန်စိုင်းရဲ့နာရေးကို ​မေလ ၃၁ ရက်​နေ့မှာ
ရဟန်းရှင်လူပြည်သူအများနဲ့ကျန်ရစ်သူရဲဘော်ရဲ‌ဘက်​တွေကပြုလုပ်ခဲ့ပါတယ်။ဈာပနအခမ်းအ
နားမှာ ကျဆုံးသွားပြီ ဖြစ်တဲ့ ရဲဘော်ခွန်စိုင်း(ခ)
ဗိုလ်ဒေါင်း အား အလေးအနက် ဦးညွတ်အလေး
ပြုခြင်း၊ တော်လှန်ရေးမဟာမိတ်အသီးသီးမှ ပေးပို့သောသဝဏ်လွှာများဖတ်ကြားခြင်းနဲ့ ကျန်ရစ်သူ ပြည်သူအများက လွမ်းသူ့ပန်းခွေချခြင်းတို့ ပြု
လုပ်ခဲ့ကြတယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က
ထုတ်ပြန်ခဲ့ပါတယ်။
ရှင်သန်ချိန်၌ လေးစားဖွယ်ဖြစ်၍ ကျဆုံးချိန်တွင်လည်း ဂုဏ်ရောင်ပြောင်သော ဗိုလ်ဒေါင်းမှာ အသက်ရှိသရွေ့ ပြည်သူ့အကျိုးကို ထမ်းရွက်ခဲ့သူဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကိုအသက်ပေးဆပ်သည်အထိတိုင် ကြိုးပမ်းတိုက်ထုတ်ခဲ့တဲ့ ဗိုလ်ဒေါင်းရဲ့ စိတ်ဓာတ်၊လုပ်ဟန်နဲ့ ရပ်တည်ချက်​တွေကို စံနမူနာယူပြီး လက်နက်ကိုင်တော်လှန်ရေးကို တတ်စွမ်းသမျှကြိုးပမ်းပြီး ဆက်လက်ဆင်နွှဲ တိုက်ပွဲဝင်သွားမယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ​​ဖော်ပြထားပါတယ်။
ဓါတ်ပုံ- ရတနာပုံတော်လှန်ရေးတပ်ဖွဲ့