⬛ဘလယ်ဒို စကစ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စကစ ဘက်က သေဆုံးသူ နဲ့ ထွက်ပြေးသူ ၄၀ ဦးထက်မနည်းရှိပြီး ၆၀ ကျော်ကို အရှင်ဖမ်းမိ

⬛ဘလယ်ဒို စကစ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စကစ ဘက်က သေဆုံးသူ နဲ့ ထွက်ပြေးသူ ၄၀ ဦးထက်မနည်းရှိပြီး ၆၀ ကျော်ကို အရှင်ဖမ်းမိ
၂၄ မေ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒို စကစတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မေ ၂၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ ဘက်က သေဆုံးသူ နဲ့ ထွက်ပြေးသူ ၄၀ ဦးထက်မနည်းရှိခဲ့ပြီး ၆၀ ကျော်ကို အရှင် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးခဲ့တဲ့ စကစ တွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဘလယ်ဒိုစစ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ဖူးတယ်လို့ သိရပြီး လက်ရှိမှာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြကြပါတယ်။
စခန်းသိမ်းတိုက်ပွဲကို တပ်မဟာ ၆ ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းတိုက်ခိုက်သိမ်း ပိုက်ခဲ့တာလို့ သတင်းရရှိပါတယ်။