တောင်ကိုရီးယားတွင် ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အပါ အဝင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဆန္ဒပြ

by

in

တောင်ကိုရီးယားတွင် ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အပါ အဝင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဆန္ဒပြ
ရန်ကုန်၊ မေ ၁၆
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တွင် တောင်ကိုရီးယားရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲသတ်ဖြတ်သည့် လုပ်ရပ်များနှင့် အာဏာသိမ်း ဖက်ဆစ်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုအပေါ် ယနေ့ ဆန့်ကျင်ဆန္ဒပြကြသည်။
တောင်ကိုရီးယားနိုင်ငံရောက် မြင်းခြံGZအဖွဲ့နှင့် ဗိုလ်သံချောင်းထောက်ပို့အဖွဲ့က ဦးဆောင်ပြီး Yaw-Funding – ကိုရီးယား၊ ကြောက်ခေတ်ကို မှောက်ပစ်မယ့် ညီနောင်များ၊အသောကသုခအဖွဲ့-ဂူမိီ၊ကလေးကဘော်ညီနောင်များ၊ရေစကြိုအဖွဲ့နှင့် ကိုလင်းထက်အောင်(ပြည်သူ့ရင်ခွင်)နှင့် ကျောင်းသားလူငယ်တော်လှန်ပြည်သူများက လာရောက် အားဖြည့် ဝန်းရံပြီး အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။


Photo News
=========
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြောင်းဒုံစျေးထိပ် နိုင်ငံခြားသားခရီးသွားများနှင့်ကိုရီးယားနိုင်ငံသားများစည်ကားရာနေရာတွင် တောင်ကိုရီးယားရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက အကြမ်းဖက်စစ်ကောင်စီတပ်၏ လတ်တလော လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ယနေ့ (မေလ ၁၆ရက်) ကန့်ကွက်ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံရှိ မြင်းခြံGZအဖွဲ့နှင့် ဗိုလ်သံချောင်းထောက်ပို့အဖွဲ့မှ ဦးဆောင်၍ Yaw-Funding-ကိုရီးယား၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ညီနောင်များ၊ အသောကသုခအဖွဲ့-ဂူမီ၊ ကလေးကဘော်ညီနောင်များ၊ ရေစကြိုအဖွဲ့နှင့် ကိုလင်းထက်အောင်(ပြည်သူ့ရင်ခွင်)နှင့် ကျောင်းသားလူငယ်တော်လှန်ပြည်သူများမှ လာရောက် အားဖြည့်ဝန်းရံပြီး အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်မှောက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းရှိ ပညာသင်ကြားနေသည့် ကလေးငယ်များအား ဗုံးကြဲသတ်ဖြတ်မှု၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာနေ ပြည်သူ့နေအိမ်နှင့် ကလေးငယ်များအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေမှုစသည့် စစ်ကောင်စီတပ်၏ ကျူးလွန်မှုများအား ဆန့်ကျင်ဆန္ဒပြခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ – ပေးပို့