မြင်းခြံခရိုင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် စစ်အုပ်စုစခန်းတွေကို စီးနင်းတိုက်ခိုက် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော်ခြောက်ဦးကျဆုံး

by

in

မြင်းခြံခရိုင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် စစ်အုပ်စုစခန်းတွေကို စီးနင်းတိုက်ခိုက်
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော်ခြောက်ဦးကျဆုံး
MN/MFP ၊ မေ – ၁၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ဒီကနေ့မနက်ပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်အုပ်စုတို့ကြားတိုက် ပွဲပြင်းထန်ဖြစ်ပွားနေပြီး ထိခိုက်ကျဆုံးမှုတွေ ရှိနေသလို အထိနာတဲ့ စစ်အုပ်စုက လေကြောင်းဗုံးကြဲခုခံလို့ တော် လှန်ရေး ရဲဘော်‌ခြောက်ဦး ကျဆုံးခဲ့ရတယ် လို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး စတဲ့ မြို့နယ်တွေထဲက စစ်အုပ်စု အထိုင်စခန်းတွေကို မေလ ၁၅ ရက် ဒီကနေ့ မ နက်ပိုင်းက စပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်နေတာဖြစ်သလို နှစ်ဖက်ထိခိုက်ကျဆုံးမှု တွေပါ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီကနေ့ကတော့ နေရာစုံပေါ့။ ခရိုင်အတွင်း စစ်ဆင်ရေးလုပ်ကြတာပါ။ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ဆီမီးခုံ နေရာတွေမှာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ သတင်းထုတ် ပြန်ပါလိမ့်မယ်”လို့ မြင်းခြံဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မြင်းခြံနယ် ဆီမီးခုံမြို့ထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စု စခန်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု တွေရှိခဲ့သလို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခုခံခဲ့တယ်လို့လည်း နောက်ထပ် ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“မနက်က ဆီမီးခုံမြို့ပေါ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်တိုက်ကြတာ။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ် လို့ ကြားရတယ်။ ရင်း-၇ ( မြင်းခြံခရိုင် တပ်ရင်း-၇) ကလည်း ငါးယောက်ကျတယ်လို့ ကြားထားတယ်။ လေယာဉ် တွေကလည်း အကြာကြီး ဝဲနေပြီးတော့ ဗုံးကြဲသွားသေးတယ်။ မနက် ၁၀ နာရီလောက်ကျတော့ တိုက်ပွဲဖြစ်တဲ့ အ သံတွေ ငြိမ်သွားတယ်” လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မြင်းခြံခရိုင် တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုသက်ကြီးရဲ့ လူမှုကွန်ရက်မှာတော့ “ခင်ဗျားတို့ပြောနေတဲ့ တော်လှန်ရေးဆိုတာ ကျုပ်တို့အတွက် ပေးဆပ်ခြင်းဗျ။ စစ်ဆင်ရေးတဲ့။ ကျုပ်တို့ တာဝန်ယူ ရတဲ့ အပိုင်းတစ်ခုပွဲပေါ့။ အခြားရဲဘော်တွေ တက်လုံးနေချိန် ကာပစ်နေတဲ့ ရဲဘော်တွေအပေါ် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ကြဲချခဲ့လို့ ကျနော့်ကလေးတွေ ကျဆုံးခဲ့ရပြီ။ ကျဆုံး ခြောက်ယောက်။ သုံးယောက်ပဲ ကောင်းမွန်စွာ နောက် ဆုံးစီစဉ်ပေးခဲ့ရတယ်။ ဘယ် လောက် ယူကျုံးမရဖြစ်ရလဲ။ တိုက်ပွဲ ရက်အကန့်သတ်မရှိနားပါမည် ။ ရဲဘော်တစ်ဦး ကို ဦးခေါင်းမဲ့ င်္ဂြိုဟ် ၊ တစ်ဦးလက်တစ်ဘက်ပဲ သင်္ဂြိုဟ်ခဲ့ရတဲ့ အဖြစ်ဆိုးပါဗျာ”လို့ ဒီကနေ့ မေလ ၁၅ ရက် ညနေ ပိုင်းမှာ ကျဆုံးရဲဘော်တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။
အလားတူ နွားထိုးကြီးမြို့နယ်ထဲမှာလည်း ဒီကနေ့ မနက်ပိုင်းက စပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်အုပ် စုတို့ကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းကနေအများဆုံး ဗုံးကြဲပစ်ခတ်နေတယ် လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာ စစ်အုပ်စု နယ်မြေရဲစခန်းနဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် ဂိတ် စခန်း၊ နွားထိုးကြီးမြို့ပေါ် စတဲ့ နေရာတွေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် သေဆုံးတာ တွေရှိနေတယ်လို့ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။
နွားထိုးကြီးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြင်းခြံခရိုင် အ ထူးစစ်ဆင်ရေးအဖြစ် ကြေညာပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ရက်ပိုင်းအကြာမှာ စစ်အုပ်စုက မြေ ပြင်နဲ့ဝေဟင်အင်အားအများအပြားအသုံးပြုပြီးမြို့ပေါ်မှာပြန်လည်အထိုင်ချတပ်စွဲနေတာဖြစ်တယ်လို့ဒေသခံတွေ က ဆိုပါတယ်။
ဒါ့အပြင် တောင်သာမြို့နယ်ထဲမှာလည်း စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။
မြင်းခြံခရိုင်အတွင်း ဒီကနေ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်း တွေဘက်ကို MFP က ဆက်သွယ်မေးမြန်းခဲ့ရာမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ မှန်ကန်သလို နှစ်ဖက်ထိခိုက်မှုတွေ လည်းရှိနေပြီး မကြာခင်မှာတော်လှန်ရေးအဖွဲ့အစည်းတွေက အသေးစိတ် သတင်းထုတ်ပြန်ပေးသွားမှာဖြစ်တယ် လို့ ပြောဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – MDSO အဖြစ် ကြေညာပြီး တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့တွေက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ စတဲ့ မြို့နယ်တွေထဲက စစ်အုပ်စု အထိုင် စခန်းတွေကို ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က အထိနာအသေများခဲ့သလို လက်ရှိအချိန်ထိ မြို့တွေပေါ်မှာ စစ်အုပ်စု အုပ်ချုပ်ရေးယန္တရားအများစု ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။