ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မန္တလေးမှာ ဆန္ဒပြ၊

by

in

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မန္တလေးမှာ ဆန္ဒပြ၊
တေဇ/MFP ၊ စက်တင်ဘာ – ၂

မန္တလေး မြို့ခံပြည်သူတွေ အနေနဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဆက်လက် တိုက်ပွဲဝင်ကြဖို့ မြို့လယ်က လူစည်ကားတဲ့ စျေးတစ်ခုမှာ လှုံးဆော်ဆန္ဒပြခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ဒီကနေ့ စက်တင်ဘာ(၂)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
“ယခု မြင်ကွင်းကတော့ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုကို လူထုတိုက်ပွဲ မျက်နှာစာကနေ တွန်းလှန်နေကြတဲ့ မန္တလေး ပြည်သူများရဲ့ လူထုတိုက်ပွဲ လှုပ်ရှားမှု ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေအပြင် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအုပ်စုတွေ ပတ်ပတ်လည် ရှိနေတဲ့ မြို့လယ်က ဈေးတစ်ခုမှာ ပြည်သူ့ဆန္ဒကို ရဲဝင့်စွာ ပြသခဲ့ကြတာပါ။ စစ်ရေးတိုက်ပွဲနဲ့အတူ လူထုတိုက်ပွဲ မျက်နှာစာကနေလည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူများရဲ့ တော်လှန်သွေးဟာ မခမ်းမခြောက်ဘဲ ရှိနေကြပါတယ်” လို့ မန္တလေး သပိတ်အင်အားစုက ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း မန္တလေးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်အုပ်စုက ဥပဒေမဲ့ ထင်တိုင်းကျဲ ဖိနှိပ်သတ်ဖြတ်နေတဲ့ ကြားကပဲ မန္တလေးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင့်တဲ့ ဆန္ဒပြမှုတွေ ဆက်လက် ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP