စစ်တပ်ကဓါတ်ပုံအ​ဟောင်းများဖြင့်ခမရ (၅၉၈) ပြန်ရဟုသတင်းအမှားဖြန့် ■တပ်ရင်းကို​PDF၊KNLAထိန်းချုပ်ထားဆဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေဟု SOFတပ်မှူးပြော

by

in

စစ်တပ်ကဓါတ်ပုံအ​ဟောင်းများဖြင့်ခမရ (၅၉၈)
ပြန်ရဟုသတင်းအမှားဖြန့်
■တပ်ရင်းကို​PDF၊KNLAထိန်းချုပ်ထားဆဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေဟု SOFတပ်မှူးပြော

-မေ-၁၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူး​ပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ​ကိုအောင်စံရှားက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ ခမရ ၅၉၈ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် စခန်းစွန့်ထွက်ပြေးသွားသော စစ်ကောင်စီအရှိ၊ အရာခံနှင့် အကြပ်စစ်သည်အချို့မှာ တပ် ရင်းအနီး တောတောင်လျှိုမြောင်များနှင့် ကျေး ရွာများသို့ ထွက်ပြေးရှောင်တိမ်းသွားကြရာမှ တပ်
ရင်းပိုင်နက်အနီးပြန်လည်ခြေချ၍ ခုခံတိုက် ခိုက်ခြင်း၊ ဝေါမြို့နယ် သူရဲသမိန်ဘက်မှ ကမ်းကူးလာသော အင်အား ၁၀၀ ခန့်ရှိ တပ်ကူများမှ တပ်ရင်းပိုင်နက်သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းများ ရှိနေသည်ဟု ၎င်းတပ်မှူးက ပြော သည်။
“၅၉၈ စခန်းက တပ်ရင်းကုန်းပေါ့။ ပြောရရင် ကျနော်တို့ (မေလ)၈ ရက်နေ့မှာ သိမ်းလိုက်တယ်။ သိမ်းပြီးတော့ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုက်တယ်။ မနေ့ကအထိလည်းကျနော်တို့အဖွဲ့တွေအဲဒီမှာနယ်မြေရှင်းလင်းရေးလုပ်နေဆဲပဲ။ပြောရရင်ဒီစခန်း(တပ်ရင်းကုန်း)
က သူလည်းထိုင်လို့မရဘူး။ကိုယ်လည်းထိုင်လို့မရဘူး စခန်းရဲ့ဖွဲ့စည်းပုံအ ရ”ဟု SOF တပ်မှူးက လူထုနွေဦးသို့ ပြော သည်။
လက်ရှိတွင် ၅၉၈ တပ်ရင်းကုန်းနှင့် ကွမ်းဆိပ်နယ်
မြေရဲစခန်းကြား၌ စခန်းစွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်အင်အား ၅၀ ခန့်ရှိနေပြီး သူရဲသူမိန်ဘက်မှ တပ်ကူလာသော အင်အား ၁၀၀ ခန့်သည်လည်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။
သို့ဖြစ်ရာ စစ်ကောင်စီဘက်မှ ဝါဒဖြန့်ထားသော ခမရ ၅၉၈ တပ်ရင်းအား ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုသော ဓာတ်ပုံများမှာ ပုံအဟောင်းများသာဖြစ်ပြီး ယင်းပုံများပါ တပ်ရင်းအဆောက်အအုံများမှာ အကောင်းအတိုင်းရှိနေသော်လည်း တပ်ရင်းအားသိမ်းပိုက်အပြီး တော်လှန်ရေးတပ်ဖွဲ့များထုတ်ပြန်သည့်ပုံများ၌ တပ်ရင်းအဆောက် အအုံများ ကျေမွပျက်စီးနေသည်ကို တွေ့နိုင် သည်ဟု SOF တပ်
မှူးက နှိုင်းယှဥ်ပြသည်။
“ပြောရမယ်ဆိုရင်သူတို့ပြန်ထိန်းချုပ်နိုင်ပြီ၊အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဓာတ်ပုံတွေနဲ့ တင်ထားတဲ့ဟာက လုံးဝမဟုတ်ပါဘူး”ဟု အထူးစစ် ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူးက လူထုနွေဦးသို့ ပြော
သည်။
စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းသိမ်းပိုက်ရရှိမှုတွင် လက်နက်ကြီးလက်နက်ငယ် (၈၃) လက်၊ ခဲယမ်းများ၊ ဂျန်မာစက်များ သိမ်းဆည်းရရှိသည့်အပြင် စစ်သုံ့ပန်း (၆) ဦး၊ ချိတ်ဆက်ပူးပေါင်းလာသူ (၄) ဦး၊ မိသားစုဝင် (၇) ဦး ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ကာ ရန်သူအလောင်း (၃၀) ဦးခန့်ချေမှုန်းနိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များမှလည်း ကျဆုံးဒဏ်ရာရမှုများရှိသည်ဟု SOF ကအသိပေးသည်။
KNLA၊ PDF ပူးပေါင်းတပ်များ သိမ်းဆည်းထားသော ခမရ ၅၉၈ တပ်ရင်းဌာနချုပ် ၊ ကွမ်းဆိပ် တပ်စခန်းနှင့် ကွမ်းဆိပ်ရဲစခန်းအား စစ်ကောင်စီမှ ပြန်လည်ထိမ်းချုပ်နိုင်ရေး လေကြောင်း၊ လက်
နက်ကြီး၊ ဒရုန်းနှင့် မြေပြင်စစ်ကြောင်းထိုးလျှက်ရှိပြီး လက်ရှိတွင် ကွမ်းဆိပ်၊ ကျိုက်ဒေးသုတ်၊ ညောင်ခြေတောက်၊ ရှမ်းစုကျေးရွာနှင့် ပတ်ဝန်း
ကျင်နယ်မြေများအား KNLA + PDF ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ၊ လုံခြုံ
ရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကာ ရန်သူစစ်ကြောင်းနှင့် နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်ဟု SOF က ထုတ်ပြန်ထား သည်။
(စစ်​ကောင်စီဝါဒဖြန့်ထား​သောဓါတ်ပုံအ​ဟောင်း
နှင့် PDF များ တပ်ရင်းသိမ်းပြီးရိုက်ထား​သောဓါတ်ပုံကို ယှဥ်တွဲ​​ ​တွေ့ရစဥ်)