လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

by

in

လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်
မေ ၁၁၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။
“လမ်းကြုံအခွင့်အရေးရတုန်း ဝင်ဆော်ခဲ့တာပါ။လက်ပစ်ဗုံးနှစ်လုံးပါတာတစ်လုံးဘဲပစ်ပြီးပြန် ဆုတ်လာခဲတယ်”ဟု ၎င်းက ပြောသည်။
ခမရ(၂၁၁)တပ်ရင်းဂိတ်ကင်းစခန်းကို မေလ ၁၀ ရက် ညနေ ၆နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။
“ထိခိုက်ဖို့ကတော့ကျိန်းသေတယ်အထဲကိုကွက်တိကျတာ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
Yangon Army အနေဖြင့် မေလ ၃ ရက်ကလည်း အနောက်ပိုင်းခရိုင်ပကဖ နှင့်ပူးပေါင်း၍ တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်။