မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ
ရန်ကုန်၊ မေ ၈
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF က ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေနိုင်သော လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် မန္တလေးနိုင်ငံခြားရေး ဘာသာတက္ကသိုလ် (စီမံ ၊ ဘဏ္ဌ) ဌာနမူး ဦးအောင်ဆန်း၏ ဇနီးဖြစ်သူ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာမြို့နယ် တစ်နေရာတွင် မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းမှ တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ဒေါ်ဝင်းဝင်းအောင်ကို မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းမှ စုံစမ်းစစ်ဆေး မေးမြန်းမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နွားထိုးကြီး PDF က ထုတ်ပြန်ထားသည်။
ထိုသို့ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်သည့် ဖြစ်စဉ် အခြေအနေကို ရန်ကုန်ခေတ်သစ် မီဒီယာက မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်းကို ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။