🚨 စစ်မှုထမ်းအပါတ်စဥ် ၁၀ သင်တန်းဆင်းတွေ တိုက် ခိုက်ရေးတပ်တွေဆီ ဦးစားပေးပို့

—

by

in

🚨 စစ်မှုထမ်းအပါတ်စဥ် ၁၀ သင်တန်းဆင်းတွေ တိုက် ခိုက်ရေးတပ်တွေဆီ ဦးစားပေးပို့
#dvbtvnews #digitalfirst

ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက စစ်သင်တန်း ကျောင်းတွေမှာ မေလ ၄ ရက်ကစပြီး စစ်မှုထမ်း အပါတ်စဥ် ၁၀ သင်တန်းဆင်းခဲ့ပြီး သင်တန်းဆ င်းတပ်သားသစ်တွေကို တိုက်ခိုက်ရေးတပ်ကို ဦး စားပေးပိုတယ်လို့ သိရပါတယ်။
မေလ ၄ ရက်က ရန်ကုန်စစ်သင်တန်းကျောင်း ၄ ကျောင်းက အပါတ်စဥ် ၁၀ သင်တန်းဆင်းတပ် သားသစ်တွေကို တပ်မ ၁၁ နဲ့ တပ်မ ၇၇ လက် အောက်ခံတပ်တွေကို အင်အားဖြည့်ပို့ဆောင်တ ယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့နီးစပ်တဲ့ သတင်း အရင်းအမြစ်က ပြောပါတယ်။
“အရင်က လက်ရုံးတပ်တွေ ရွေးခွင့်ရှိသေးတယ် အခုမရဘူး တပ်မတွေအကုန်လုံးမှာ တပ်သားသ စ်တွေလိုနေတာဆိုတော့ အင်အားဖြည့်မှာ ရန်ကု န်က သင်တန်းဆင်းတွေကို တပ်မ ၁၁ လက် အောက်ခံ ခမရ နဲ့ ခလရကို ပို့ရတယ် လူဦးရေ ဘယ်လောက်ပို့လဲဆိုတာတော့ အတိအကျမသိဘူး “လို့ ပြောပါတယ်။
အရှေပိုင်းတိုင်း၊အရှေအလယ်ပိုင်းနဲ့တြိဂံတိုင်း စစ်ဌာနနယ်မြေအတွင်းမှာရှိတဲ့ စစ်သင်တန်း ကျောင်းတွေက သင်တန်းဆင်းတပ်သားသစ် တွေကို လားရှိုးမြို့ရှိ ခြေလျင်၊ခြေမြန်တပ်ရင်း တွေကို ပို့တယ်လို့ ရမခနဲ့နီးစပ်တဲ့သတင်းအရင်း အမြစ်က ပြောပါတယ်။
“လားရှိုးမှာ အင်အားပြန်ဖြည့်ရမယ့် တပ်ရင်း ၁၅ ရင်းလောက်ရှိတယ် တပ်သားသစ်အင်အား အများကြီးလိုတယ် ရပခ ၊ရလခ နဲ့ တသခ က ဝိုင်းဖြည့်ပေးမှာရမှာ အပါတ်စဥ် ၁၄ ကစပြီး လားရှိုးက လူတွေစစ်မှုထမ်းရမှာ “လို့ ရှင်းပြပါ တယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှု့ကြောင့် ကိုးကန့်တပ် MNDAA အဖွဲ့ ပြန်ပေးလို့ ရမခတို င်းစစ်ဌာနချုပ် ရှိရာ လားရှိုးမြို့မှာ စစ်မှုထမ်း အပါတ်စဥ် ၁၄ ကို ဇူလိုင်လအတွင်း သင်တန်း ပေးသွားမှာလို့လည်း သိရပါတယ်။
စစ်မှုထမ်းအပါတ်စဥ် ၁၀ ကို အာရက္ခတပ်တော် AA အဖွဲ့တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အနောက်ပို င်းတိုင်းစစ်ဌာနချုပ်မှလွဲလို့ မေလ ၄ ရက်နဲ့ ၅ ရ က်မှာ ကျန်တိုင်းစစ်ဌာနချုပ် ၁၃ ခုမှာ ပြုလုပ်ခဲ့ တာပါ။ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေ ဖော်ဝါရီလ ၁၀ ရက်က လူတိုင်းမဖြစ်မနေစစ်မှု့ ထမ်းရမည့်ဥပဒေကိုထုတ်ပြန်ခဲ့ပြီး မတ်လ ၂၈ ရက်မှာစတင်သင်တန်းပေးခဲ့ရာ အခုဆိုအပါတ် စဥ် ၁၃အထိ ရောက်လာပြီဖြစ်ပါတယ်။